1. Home
  2. Myanmar News

သင်္ကြန်ရုံးပိတ်ရက်အတွက် အဝေးပြေးကားဈေးနှုန်း တိုးမြှင့်ကောက်ခံရင် ထိရောက်စွာ အရေးယူမည်

Myanmar News มี.ค. 24, 2560 view 1,411

- မဟာသင်္ကြန် ပိတ်ရက်မတိုင်ခင် ပြေးဆွဲမယ့် အဝေးပြေးကားဈေးနူန်း တိုးမြှင့်ကောက်ခံတဲ့ ယာဉ်လိုင်းကို ရန်ကုန်တိုင်း ပို့ဆောင်ရေးအာဏာပိုင်အဖွဲ့က ထိထိရောက်ရောက်အရေးယူ သွားမှာ ဖြစ်တယ်လို့ သည့်ကနေပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှသိရပါတယ်။ “ယာဉ်လိုင်းပိုင်ရှင်တွေ တောင်းဆိုထားတဲ့ ယာဉ်လိုင်း တိုးမြှင့် ကောက်ခံမယ့် ကိစ္စကိုလည်း လုံးဝလက်မခံဘူး။ ဘယ်လို ယာဉ်လိုင်းတွေမှာ ပေးဝယ်နေရတယ် ဆိုတဲ့ တိုင်ကြားလာရင် ထိထိရောက်ရောက်အရေးယူသွားမယ်”လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

- ခရီးသွားသူများပြီး ကားအရေအတွက် နည်းတဲ့အတွက် အခက်အခဲ ကြုံတွေ့ နေရတဲ့ အတွက် ယာဉ်ပိုင်ရှင်တွေအနေနဲ့အရင်နှစ်တွေက နှစ်ဆတိုးကောက်ခံတာတွေ ရှိပါတယ်။ အဲ့သည်လို မဖြစ်ရအောင် အရင်က သတ်မှတ်ထားတဲ့ ယာဉ်လိုင်းတွေ ထက် တိုးပြီး ပြေးဆွဲ နိုင်ဖို့ကိုလည်း စီမံaဆာင်ရွက်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ သင်္ကြန်ကာလရုံးပိတ်ရက်မှာ ကိုယ့်ရဲ့ ရပ်ရွာကိုပြန်မယ့် လူတွေ သွားလာရေးလွယ်ကူနိုင်ဖို့ ပြန်မယ့် နေရာမှာလည်း အခက်အခဲ မရှိပြန်နိုင်ဖို့ကို ရန်ကုန်ပို့ဆောင်ရေးအာဏာပိုင်အဖွဲ့က ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Credit : kumudranews



Follow us on