1. Home
  2. Movie Stars - Celebrity

ရေကူးဝတ်စုံနဲ့ ပုံတွေမတင်တော့ဘူးဆိုတဲ့ ငွေမှုန်ရတီ

Movie Stars - Celebrity มี.ค. 24, 2560 view 1,727

အွန်လိုင်းပေါ်မှာ ရွှေမှုန်ရတီ က ရေကူးဝတ်စုံ နဲ့ တင်လို့ လိုက်တင်တယ်လို့ ဝေဖန်ခံလိုက်ရတဲ့ ငွေမှုန်ရတီက နောက်ဆို ရေကူးဝတ်စုံ နဲ့ ပုံတွေ မတင်တော့ ဘူးလို့ ပြောလာပါတယ်။ ရွှေမှုန်တင်လို့ တင်တယ်လို့ ပြောခံ ရတဲ့ အပေါ် “သူတင်လို့လိုက်တင်တယ်ဆိုရင် သူစတင်တဲ့အချိန်ကတည်းကလိုက်တင်မှာပေါ့” လို့ ပြောထားပါတယ် ။

အရမ်းကြီးလဲ ရိုင်းတဲ့ပုံမဟုတ်ဘူးလို့ ထင်ပါတယ် ငါလဲကလေးပဲ ဆိုတဲ့စိတ်နဲ့တင်လိုက်တာပါ ။ အားလုံးလည်း Response က မကြိုက်ကြဘူး ငွေမှုန်ကိုရိုးရိုးလေးပဲ သဘောကျတယ် လုံလုံခြုံခြုံနဲ့ cute ဖြစ်တဲ့ ပုံလေးတွေပဲ သဘောကျတယ် အဲ့ဒါကြောင့် ချက်ချင်းပြန်ဖျက်လိုက်ပေမယ့် တခြား page တွေဆီရောက်သွား ခဲ့ တယ်။ နောက်ဆို ဘယ်တော့မှတင်ဖြစ်မှာ မဟုတ်တော့ပါဘူးလို့ ပြောထားပါတယ်။

အမဖြစ်သူနဲ့ အတူ ဥရောပ နိုင်ငံခြား ခရီးတွေ အတူတူသွားခဲ့ တဲ့ ငွေမှုန်က အတွေ့အကြုံအသစ်တွေ အများကြီး ရခဲ့ပါတယ် fashion ၊ နေထိုင်ပုံ ၊ ဆက်ဆံရေး ၊ စကားပြောပုံတွေကို လေ့လာတွေ့ရှိခဲ့ ရပြီး အတွေ့အကြုံ အသစ်တွေအများကြီး ရခဲ့ ပါတယ်လို့ ပြောထားပါတယ် ။



Follow us on