1. Home
  2. Special or Others

၍SIS အဖွဲ့က လူမဆန်စွာ အသေခံဗုံးခွဲသမားအဖြစ် အသက် ၇ နှစ်အရွယ်ကလေးကို အသုံးချ

Special or Others มี.ค. 27, 2560 view 1,498
မွတ်ဆလင်အစွန်းရောက်အဖွဲ့ ISIS မှ အသခံဗုံးခွဲသမားအဖြစ် စေလွှတ်ခဲသော အသက် ၇ နှစ်အရွယ် ကလေးတစ်ဦး၏ ခန္ဓာကိုယ်မှ ဗုံးများကို အီရတ်စစ်သားတစ်ဦးက အသက်ကိုပဓာနမထားပြီး ရဲရင့်စွာ ဖြုတ်ပေးနေသည့် ဗီဒီယို အွန်လိုင်းတွင် ပျံ့နှံ့ခဲ့ပြီး ကြည့်ရှုဝေဖန်သူ များပြားခဲ့သည်။
 
ဒုက္ခသည်များနှင့် ရောထွေးလိုက်ပါလာသော ကလေးငယ်တစ်ဦးသည် အဖွဲ့နှင့် သီးခြားဆန်နေပြီး သူ၏ဗိုက်ကို တစ်ချိန်လုံး ပိုက်ထားနေခဲ့တာကြောင့် အီရတ်စစ်တပ်မှ သတ်ပြုခဲ့မိပြီး သွားရောက် စစ်ဆေးခဲ့ရာ ကလေးငယ်၏ အင်္ကျီအောက် ခန္ဓာကိုယ်တွင် ပေါက်ကွဲစေတတ်သည့် ဗုံးတပ်ဆင်ထားသည်ကို တွေ့ခဲ့ရပြီး အီရတ်စစ်သားတစ်ဦးမှ သတ္တိရှိစွာနဲ့ ကလေးငယ်တွင် တပ်ထားသော ဗုံးများကို ဖြုတ်ယူခဲ့ခြင်းဖြစ်သည်။
 
ISIS အကြမ်းဖက်အဖွဲ့သည် ယခင်က အမျိုးသမီးများကို အသေခံဗုံးခွဲသမားများအဖြစ် အသုံးချခဲ့ပြီး ယခုအခါ ကလေးငယ်များကိုပါ အသေခံဗုံးခွဲသမားများအဖြစ် လူမဆန်စွာ ခိုင်းစေအသုံးပြုလာကြသည်။


Follow us on