1. Home
  2. Myanmar News

လေဖြန်းထားသူအမျိုးသားက ၉ နှစ်အရွယ် မိန်းကလေးကို သားမယားပြုကျင့်

Myanmar News มี.ค. 28, 2560 view 1,760
ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်တွင် လေဖြန်းထား၍ အောက်ပိုင်းမသန်သူ အမျိုးသားက အိမ်နီးချင်း ၉ နှစ်အရွယ် သမီးကို သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း တရားစွဲခံထားရသည်။
 
အသက် ၃၃ နှစ်အရွယ် နိုင်နိုင် ဆိုသူအမျိုးသားသည် လေးဖြန်းထားကာ ခြေထောက်များ မသန်တော့ပဲ ချိုင်းထောက်အားပြုကာ သွားလာလှုပ်းရှားနေရသူ ဖြစ်သည်။ ဖြစ်စဉ်မှာ အိမ်းနီးနားချင်းဖြစ်သူ အသက်(၉)နှစ် အရွယ် မိန်းကလေးက ၎င်း၏ နေအိမ်ထဲသို့ ဝင်သွားခဲ့သည်ကို မိန်းကလေး၏ အဖိုးအဖွားများက တွေ့ရှိခဲ့သဖြင့် နောက်မှလိုက်ကြည့်ခဲ့ရာ နိုင်နိုင်ကို ပုဆိုးကျွတ်လျှက်အနေအထားနှင့် တွေ့ရှိခဲ့ပြီး ကလေးမလေးမှာလညိး ဘောင်းဘီကျွတ်လျှက်ရှိသည်ကို တွေ့ရှိခဲ့ရသည့်အပြင် ကလေးမလေး၏ အမျိုးသမီးအင်္ဂါမှာလည်း ဖူးယောင်နေတာကို တွေ့ရှိခဲ့ရသဖြင့် မေးမြန်းစစ်ဆေးခဲ့ရာ နိုင်နိုင်မှ ကျူးလွန်ခဲ့ကြောင်း သိရှိရသည်။ 
 
ထို့ကြောင့် နိုင်နိုင်ကို ကြည့်မြင်တိုင် စက်ဆန်းနယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ပြီး၊ မိန်းကလေးအား ဆေးစစ်ချက်အရ သုတ်ပိုးတွေ့ရှိခဲ့သဖြင့် ရာဇသတ်ကြီးပုဒ်မ ၃၇၆ နှင့်တရားစွဲဆိုခဲ့ကြောင်း သိရှိရသည်။
 
Source:ကုမုန္ဒြာ
 


Follow us on