1. Home
  2. Myanmar News

ချစ်သူက အသက်မပြည့်သေးတဲ့အတွက် ထောင်ဒဏ်နှစ်(၂၀)ကျခံရ

Myanmar News มี.ค. 28, 2560 view 1,464
ချစ်သူသက်တမ်း ခြောက်လကြာမြင့်ခဲ့ပြီးနောက် နေအိမ်သို့ ခိုးယူပေါင်းသင်းခဲ့ပြီး တစ်ရက်အကြာတွင် မိန်းကလေးရှင် မိဘများက သဘောမတူသည့်အတွက် လူခိုးမှု၊ သက်ငယ်မုဒိန်းမှုများနှင့် တရားစွဲခဲ့ရာ ထောင်ဒဏ် နှစ်၂၀ ကျခံစေရန် အရှေ့ပိုင်းခရိုင်တရားရုံးက အမိန်ုချမှတ်ခဲ့သည်။
 
မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သော အောင်ထူး(ခ)ဂျားဂျား အသက် ၂၈ နှစ်က သူ၏ချစ်သူ အသက်(၁၄ နှစ် ၈ လ) အရွယ် မိန်းကလေးကို ဇူလိုင်လ ၁၂ ရက်နေ့က ခိုးယူပေါင်းသင်းခဲ့သဖြင့် အိမ်မှပျောက်သွားသော မိန်းကလေး၏ မိဘများက လိုက်လံရှာဖွေရာ အခြားရပ်ကွပ်ရှိ အောင်ထူး၏ နေအိမ်တွင် ပြန်လည်တွေ့ရှိရသဖြင့် တိုင်တန်းခဲ့ခြင်းဖြစ်သည်။ 
 
သမီးဖြစ်သူပြောပြချက်အရ အောင်ထူး(ခ)ဂျားဂျားက လက်ထပ်ပေါင်းသင်းမယ်ပြောပြီး ခိုးယူပေါင်းသင်းခဲ့တဲ့အတွက် အရွယ်မရောက်သေးသူကို သွေးဆောင်ဖြားယောင်း ခိုးယူပေါင်းသင်းသူကို အရေးယူပေးရန် သက်ဆိုင်ရာမြို့နယ်ရဲစခန်းမှာတိုင်တန်းခဲ့ခြင်း ဖြစ်သည်။
 
အမှုကို စစ်ဆေးပြီးနောက် ပြစ်မှဒထင်ရှားသဖြင့် အောင်ထူး(ခ)ဂျားဂျား (၂၈နှစ်)ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ အလုပ်ကြမ်းနဲ့ထောင်ဒဏ် နှစ် ၂၀၊ ပုဒ်မ ၃၆၃ အရအလုပ်ကြမ်းနဲ့ထောင်ဒဏ်ငါးနှစ်ကို တစ်ပေါင်းတည်းကျခံစေဖို့အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။
 
Source:ကုမုန္ဒြာ


Follow us on