1. Home
  2. Myanmar News

မန္တလေး မဟာမုနိရုပ်ရှင်တော်မြတ်ကို မီးပူဇော်ဖို့ တစ်လတိတိအလှူခံမည်

Myanmar News มี.ค. 28, 2560 view 1,438

ဖန်သားမျှင်အလင်းကြိုးကိုအသုံးပြုပြီး မီးပူဇော်မယ့် မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်(ဘုရားကြီး) အတွက် အလှူခံသွားမှာဖြစ်တယ်လို့သိရပါတယ်။ မီးပူဇော်ဖို့အတွက် ကျပ်ငွေသိန်း ၂၇၀ဝ ခန့်ကုန်ကျမှာဖြစ်ပြီး ကုန်ကျစရိတ်အတွက် တစ်ဦးတည်းအလှူရှင်ရှိသလို ကျပ်သိန်းရာချီအလှူရှင်တွေလည်းရှိပေမဲ့ အများပြည်သူရဲ့ ကုသိုလ်ပါဝင်စေချင်တာကြောင့် အလှူငွေကောက်ခံ မှာဖြစ်ပါတယ်။

ဘုရားဝင်းအတွင်းရှိ မိုးကောင်းဓမ္မာရုံအနီးက စတီးမဏ္ဍပ်မှာ ဧပြီလ ၁ ရက်နေ့မှစတင်ကာ တစ်လတိတိအလှူငွေကောက်ခံမှာပါ။ မဟာမုနိရုပ်ရှင်တော်မြတ် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းက ‘အထူးသဖြင့် သင်္ကြန်ဆိုတာက နှစ်ဆန်းတစ်ရက်နေ့ဆို(ဘုရားဖူး) အများကြီးလာကြတာလေ၊ အဲဒီလိုလာတာတွေအများကြီးကို ပေါင်းလိုက်လို့ရှိရင် (ကုန်ကျစရိတ်ထက်) ကျော်သွားမှာ၊ (ကျပ်သိန်း)၂၀ဝ၀ နဲ့ ၂၅၀ဝ ကြားလောက်ဖြစ်မယ်လို့ စီစဉ် ထားတယ်လို့ ပြောပါတယ်။

မဟာမုနိရုပ်ရှင်တော်မြတ်ဟာ မြတ်စွာဘုရားရဲ့သက်တော် ၅၅ နှစ်မှာ သွန်းလောင်းတာ၊ ဗုဒ္ဓဘာသာသမိုင်းမှာ ပထမဆုံးပေါ်ပေါက်တဲ့ ရုပ်ရှင်တော်မြတ်ဖြစ်တာ၊ မြတ်စွာဘုရားကိုယ်တိုင် ရင်ငွေ့တော် ခုနစ်ကြိမ်သုံးသပ်တာ၊ ညီတော်မုနိလို့ သမုတ်ခဲ့တာစတဲ့ထူးခြားမှု တွေရှိတာဖြစ်ပါတယ်။ ရုပ်ရှင်တော်မြတ်ကို မီးပူဇော်မယ့် ဖန်သားမျှင်အလင်းကြိုးဟာ နှစ်ပေါင်း ၂၀ ကျော်အထိ ကောင်းမွန်တာဖြစ်ပြီး ကာလ ရှည်ကြာပြုပြင်ဖို့ မလိုအပ်တာကြောင့် ဘုရားဖူးတွေအနေနဲ့ နှစ်ပေါင်း ၂၀ အတွင်းတစ်ကြိမ်သာလှူခွင့်ရ မှာဖြစ်ပါတယ်။ ‘ဒီလောက်ကုသိုလ်ထူးတဲ့အလှူမျိုးကို မြန်မာပြည်မှာရှိတဲ့ ပုဂ္ဂိုလ်တွေတိုင်း ကျပ် ၁၀ဝ လှူလှူ၊ ကျပ်၂၀ဝ လှူလှူပါဝင်ခွင့်ပေးတယ်၊ ဒါကိုလှူစေချင်တယ်လို့ ဦးစိုးလင်းကပြောပါတယ်။

Credit : kumudranews



Follow us on