1. Home
  2. Myanmar News

လိပ်ကျွန်းအမှုတွင် သေဒဏ်ကျခံနေရသော ဝင်းနဲ့ဇော်အတွက် ထပ်မံအယူခံဝင်ခွင့်ရရှိပြီး ရလာဒ်ကောင်းလိမ့်မည်ဟု မျှော်လင့်

Myanmar News มี.ค. 28, 2560 view 1,484
ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုတွင် သေဒဏ်ချမှတ်ခံထားရသော မြန်မာရွေ့ပြောင်းအလုပ်သမား နှစ်ဦးအတွက် ထပ်မံအယူခံဝင်နိုင်ရန် မြန်မာနိုင်ငံမှ ဥပဒေအကြံပေးအဖွဲ့ ထိုင်းနိုင်ငံသို့ သွးရောက်ခဲ့ပြီး မတ်လ ၂၇ ရက်နေ့က ထိုင်းနိုင်ငံ ရှေ့နေများကောင်စီအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
 
 
မြန်မာနိုင်ငံမှ ဥပဒေအကြံပေးအဖွဲ့တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်အုန်းချိုနှင့် မှုခင်းရဲတပ်ဖွဲ့ CID မှ ရဲမှူးကြီးစိုးနိုင်ဦးတို့ ပါဝင်ခဲ့ပြီး မတ်လ ၂ရ ရက်နေ့ နံနက်တွင် ဘွမ်ခွန်အကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရသော ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ နှစ်ဦးကို ထောင်ဝင်စာသွားတွေ့ခဲ့ကြသည်။ မွန်းလွဲပိုင်းတွင် မြန်မာလုပ်သားနှစ်ဦး၏အမှုကို ဆောင်ရွက်ပေးနေသော ထိုင်းနိုင်ငံရှေ့နေများကောင်စီနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
 
မြန်မာအလုပ်သမားနှစ်ဦးအမှုအတွက် အယူခံဝင်ရန် သတ်မှတ်ပေးထားသော ရက်ပေါင်း ၃၀ အတွင်း ပြင်ဆင်ချိန် မလုံလောက်သည့်အတွက် အချိန်တစ်လ ထပ်မံတိုးပေးပါရန် လျှောက်ထားမှုကို ထိုင်းအစိုးရက လက်ခံခဲ့သဖြင့် ဧပြီလ ၂၃ ရက်ထိ တစ်လထပ်မံ တိုးပေးခဲ့ကြောင်း သိရှိရသည်။
 
ယခုထပ်မံအဆိုတွင်သွင်းမည့် အဆင့်မြင့်တရားရုံး (High Court) သည် ကောင်းမွန်သည့် ရလာဒ်ကောင်းများ ထွက်ပေါ်လာလေ့ရှိသည့်အတွက် မြန်မာပြည်သူများ စိတ်မပူကြရန် ဝင်းနှင့်ဇော် အမှုအတွက် လိုက်လံကြိုးပမ်းဆောင်ရွက်ပေးနေသော ထိုင်းနိုင်ငံရှေ့နေများကောင်စီ၏ ဒုဥက္ကဋ္ဌ Mr.Damrongsak Kruakeaw က မတ်လ ၈ ရက်နေ့တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။
 
မြန်မာအလုပ်သမားနှစ်ဦး၏ အယူခံကို ထိုင်းနိုင်ငံ အောက်တရားရုံးတော်က ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ပယ်ချခဲ့ပြီး ယခုတစ်ခါ အဆင့်မြင့် အထက်တရားရုံးတော်တွင် ဆက်လက်အယူခံဝင်ရန် ပြင်ဆင်နေကြခြင်းဖြစ်သည်။  
 
Ref:7DayDaily


Follow us on