1. Home
  2. Movie Stars - Celebrity

သူဋ္ဌေးဝါဒ နဲ့ ပတ်သတ်ပြီးတေးရေး မိသားစု နဲ့ သဘောထားကွဲလွဲမှုကို ရှင်းလင်းလိုက်တဲ့ သားစိုး

Movie Stars - Celebrity มี.ค. 28, 2560 view 1,431

သားစိုးရဲ့ စီးရီးသစ်ဖြစ်တဲ့ ရောသမထပ်မွှေ စီးရီးမှာ ပါဝင်တဲ့ နန်းတော်ရှေ့ဆရာတင် ရဲ့ သူဋ္ဌေးဝါဒ သီချင်းကို ပြန်လည်ဖန်တီးခဲ့ တဲ့ အပေါ် တေးရေး မိသားစု အသိုင်းအ၀ိုင်းက မကျေနပ်မှုတွေရှိနေခဲ့တဲ့ အပေါ် သားစိုးက “ကျွန်တော်တို့အနေနဲ့ ဘယ်သီချင်း ဆိုပြီး ရွေးတဲ့ အခါတေးရေးကို ဆက်သွယ်ပါတယ်။ဒီသီချင်းကလဲ တေးရေး မရှိတော့ တဲ့အခါ မိသားစုကို ဆက်သွယ်ပါတယ် ။ကျွန်တော်တို့ ဘက်က ဆက်သွယ်တာနောက်ကျတဲ့ အတွက် နည်းနည်းနားလည်မှုလွဲတဲ့ သဘောလေးတွေ ဖြစ်သွားတာပါ .။နယ်ထွက်နေတဲ့ အတွက်ဝန်ထမ်းတွေနဲ့ လွှဲထားပါတယ်။ သူတို့ ကလည်း အတွေ့အကြုံ သိပ်မရှိသေးတဲ့ အတွက်နညးလည်မှုတွေလွဲပြီး အဆင်မပြေမှုတွေ ဖြစ်သွားခဲ့ပါတယ်။

ကျွန်တော်လဲ ဒီ Remix တွေလုပ်လာတာ ဆယ်နှစ်ကျော်ခဲ့ပါပြီ ဒီသီချင်းမှာ ဖေ့ဘုတ်မှာရေးထားသလို အဆိုတော်ပြောင်းလိုက်တယ် ဆိုတာကလည်း ပထမဆိုပေးတဲ့ သူကသိပ်အဆင်မပြေတဲ့ အတွက်တခြားတစ်ယောက်ကို ပြောင်းဆိုစေခဲ့ တာပါ ။ ကျွန်တော် အကောင်းဆုံးလုပ်ခဲ့ပါတယ် ခွင့်ပြုချက်လဲတောင်းခဲ့ ပါတယ် ။ဂီတအစည်းအရုံးကလဲ ခွင့်ပြုချက်လက်မှတ်ပါမှပေးတာပါ ။ တေးရေးခလဲ အတိအကျ ပေးပါတယ် မိသားစုဝင်တွေဘက်ကလည်းလက်မှတ်ထိုးပေးတဲ့ အတွက် ဒီသီချင်းကို ထည့်ခဲ့ တာပါ ။ အချိန်လည်း အရမ်းကပ်နေတဲ့ အတွက်ချက်ချင်းပဲ ဂီတအစည်းအရုံးမှာတင်ပြီးထွက်လိုက်တာပါ ။ နယ်ခရီးထွက်နေတဲ့ အချိန်မှာ အခုလို နားလည်မှုတွေလွဲသွားရတဲ့ အတွက်စိတ်မကောင်းပါဘူး ကျွန်တော်သာရှိနေရင် ဒီလိုမျိုးဖြစ်မှာမဟုတ်ပါဘူး လုပ်နေကြလူတွေမဟုတ်တဲ့ အတွက် ပြောတဲ့ ဆိုတဲ့ နေရာမှာ နားလည်မှု လွဲသွားခဲ့ ရတာပါ” လို့ သားစိုးက ပြန်လည်ဖြေရှင်းထားပါတယ်။ နောက်ပိုင်းမှာလဲ ရောသမ စီးရီးတွေ ထပ်လုပ်သွားပြီး ပိုမိုကောင်းမွန်အောင်ဖန်တီးသွားပါ့ မယ်လို့ ပြောသွားခဲ့ ပါတယ် ။

Credit:popular 



Follow us on