နည်းပညာအရာမှာ အမြဲတမ်း ဆန်းသစ်တီထွင်ဦးဆောင်နေတဲ့ ဂျပန်နိုင်ငံမှာ ယခုလာမည့် မေလဆန်းမှ စတင်၍ ဇိမ်ခံရထားအသစ် စတင်ပြေးဆွဲတော့မည် ဖြစ်သည်။
ကမ္ဘာကျော် မောတော်ကားအမှတ်တံဆိပ်များ ဖြစ်ကြတဲ့ Porsche, Farrari နဲ့ Maserati ကုမ္ပဏီကားဒီဇိုင်းများကို တီထွင်ရေးဆွဲပေးတဲ့ ကန်ကီယိုယုကီ အိုကုယားမားက သူ့ရဲ့ အကောင်းဆုံး လက်ရာဒီဇိုင်းတစ်ခုအဖြစ် ရေးဆွဲပေးထားခြင်းဖြစ်ပါတယ်။
ရထားတွဲ (၁၀)တွဲသာ ပါဝင်မယ့် အဆိုပါဇိမ်ခံရထားမှာ အဆင့်မြင့် စားသောက်တွဲ၊ ဧည့်ခန်းဆောင်၊ ပြင်ပရဲ့ ရှုခင်းအလှအပကို အရသာခံကြည့်ရှုနိုင်မယ့် အထူးတွဲ နှစ်တွဲ၊ သီးသန့် အိပ်ခန်း ၁၇ ခန်းတို့ပါဝင်မှာဖြစ်ပါတယ်။
အိမ်ခန်းတိုင်းဟာ နှစ်ယောက် အိပ်ခန်းဖြစ်ပြီး ရေချိုးခန်း၊ အိမ်သာ၊ ဧည့်ခန်းတို့ ပါဝင်ပြီး အချို့အိပ်ခန်းတွေမှာ ရေစိမ်ချိုးတဲ့ဇလုံ(Baththb)ပါ ပါဝင်ပါတယ်။ ရထားထဲကို ရောက်သွားတဲ့အခါ ဇိန်ခံဟိုတယ်ကြီးထဲရောက်သွားသလို ဝန်ဆောင်မှုအပြည့်ပေးမယ့် ဝန်ထမ်းတွေကလည်း အသင့်ဖြစ်ပါတယ်။
ရှီကီ-ရှီမား(Shiki-Shima)လို့ အမည်ပေးထားတဲ့ ရထားရဲ့ အတွင်းအပြင်ပုံများကို East Japan ကုမ္ပဏီက ကြည့်ရှုနိုင်ရန် ထုတ်ပြန်ပေးထားခဲ့ခြင်းဖြစ်ပါတယ်။
အဆိုပါဇိမ်ခံရထားကို မေလအတွင်းတွင် ဂျပန်နိုင်ငံတစ်ဝှမ်း စတင်ပြေးဆွဲသွားမှာဖြစ်ပြီး ဇိမ်ခံပစ္စည်းများမှာ ဈေးပေါရိုးထုံးစံ မရှိသကဲ့သို့ နှစ်ရက်တာကြာမြင့်မည့် ခရီးစဉ်တစ်ခုအတွက် ရထားလက်မှတ်ခမှာ လူတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၂,၉၀၀ (ကျပ်သိန်း ၄၀ နီးပါး) ကျသင့်မှာဖြစ်ပါတယ်။