1. Home
  2. Special or Others

မွေးနေ့လက်ဆောင် ထီလက်မှတ်ကနေ ဒေါ်လာ ၃၀၀,၀၀၀ ပေါက်ခဲ့

Special or Others มี.ค. 28, 2560 view 1,483

မစ်ချီဂန် အဖိုးအိုတစ်ဦးဟာ သူရဲ့မွေးနေ့မှာ လက်ဆောင်အဖြစ်ရရှိခဲ့ ထီလက်မှတ်ဟာ ကန်ဒေါ်လာ ၃၀၀,၀၀၀ ဆုပေါက်ခဲ့ပါတယ်။အာဗင်ဆမိုလင်းစကီးကို သူ့ရဲ့ ၉၄ နှစ်ပြည့်မွေးနေ့မှာ ချွေးမဖြစ်သူကလက်ဆောင်ပေခဲ့တဲ့ Double Bonus Cash-word လက်မှတ်က ရရှိခဲ့တာဖြစ်ပါတယ်။ ကျွန်တော်က လတိုင်းမှာ မွေးနေ့ရှိတဲ့ မိသားစုဝင်အတွက် ခဲခြစ်ထီလက်မှတ်တွေ ဝယ်ပြီး လက်ဆောင်ပေးလေ့ရှိပါတယ်။အခုတော့ အကုန်လုံးက ကျွန်တော်မွေးနေ့အတွက် အဲဒီလက်မှတ်တွေကို ချောကလက်တွေနဲ့ အတူပို့ပေးကြပါတယ်၊ အဲဒါက ထုံးစံလို့ဖြစ်နေပါပြီး။

သူက Double Bonus Cash-word လက်မှတ်လေးခုကို လက်ခံရရှိခဲ့တာဖြစ်ပြီး ပထမဆုံးတစ်စောင်ကို ခြစ်ကြည့်လိုက်ချိန်မှာ အခုလို မဲပေါက်ခဲ့တာဖြစ်ပါတယ်။ ကံကောင်းလှတဲ့ ဒုတိယကမ္ဘာစစ် စစ်မှုထမ်းဟောင်း ဆမိုလင်းစကီးဟာ အင်္ဂါနေ့မှာ ထီရုံးမှာဆုလာထုတ်ယူခဲ့ပါတယ်။သူဟာ မွေနေ့နောက်ပိုင်းကတည်းက ထီလက်မှတ်ပျောက်သွားမှာစိုးတဲ့ စိတ်နဲ့နေခဲ့တယ်လို့ ပြောပြပါတယ်။ကျွန်တော်မှာ ပြောင်းလဲသွားမယ့် တစ်ခုတည်းသော အချက်ကတော့ ပိုက်ဆံအတွက် ပူပန်နေရတဲ့ဘဝမှာ ပူပန်စရာလျော့သွားတော့မှာပါပဲ သူကပြောပါတယ်။

Soure : kumudranews



Follow us on