1. Home
  2. Myanmar News

ကန့်ကွက်မှုများကြားက ဗိုလ်ချုပ်အောင်ဆန်းတံတား ဧပြီလတွင်ဖွင့်မည်

Myanmar News มี.ค. 28, 2560 view 1,694
မွန်ပြည်နယ်တွင် သံလွင်မြစ်ကိုဖြတ်၍ မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့နယ်တို့ကို သွယ်တန်းတည်ဆောက်ထားသော မြစ်ကူးတံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတားဟုပင် အမည်ပေးကာ ဧပြီလ ပထမပတ်အတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ မေလ ၂၆ ရက်နေ့က သိရှိရသည်။
 
(၉) ရက်နေ့တော့ အကြမ်းဖျင်းလျာ ထားပါတယ်။ ပထမပတ်လောက် အတွင်း ဖွင့် ဖြစ်မှာပါ။ စီစဉ်အသေးစိတ်တော့ မ သိသေးဘူး” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါ မြစ်ကူးတံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်ပေးခြင်းကို ကန့်ကွက်သူများ ရှိခဲ့သော်လည်း ပြည်သူ့လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်ခဲ့ရာ ဗိုလ်ချုပ်အောင်ဆန်းတံတားဟုပင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
 
ဗိုလ်ချုပ်အောင်ဆန်းတံတားအမည် အလိုမရှိဟုဆိုကာမွန်ပြည်နယ် မြို့နယ် (၁၀) မြို့နယ်မှ မွန်တိုင်းရင်းသားများ၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်း နှင့်ရန်ကုန်တိုင်းတို့မှ မွန်တိုင်းရင်းသားများစုပေါင်းပြီး မွန်ပြည်နယ် မော်လမြိုင်မြို့တွင် မတ်လ ၁၉ ရက်က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 
 
တိုင်းရင်းသားများ၏ သဘောဆန္ဒ နှင့်ဆန့်ကျင်ပြီး မူလအမည်ဖြစ်သည့် သံလွင်တံတား(ချောင်းဆုံ)အား ဗိုလ်ချုပ်အောင်ဆန်းတံတားဟု သတ်မှတ်ရန် ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည့်အပေါ် ကျေနပ်မှုမရှိသည့်အတွက် လူအင်အား လေးသောင်းကျော် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
 
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက တံတားအမည်ပေးသည့် ကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံရေးအမြတ်မထုတ်ရန် အသိပေးပြောကြားခဲ့ပြီး လာမည့် ဧပြီလ ပထမပတ်တွင် ဗိုလ်ချုပ်အောင်ဆန်းတံတားကို ဖွင့်လှစ်တော့မည်ဖြစ်သည်။
 
 
Ref:pyimyanmar
Photo:Mr.Myo
 


Follow us on