အကြောင်းရင်းခံကို မသိရသော်လည်း ခွေးပေါက်စလေး တစ်ကောင်ကို ဓါတ်လှေခါးအတွင်း ချောင်ပိတ်ပြီး သေအောင်ကန်ကျောက်ခဲ့တဲ့ ဗီဒီယိုက ယနေ့လူမှုကွန်ယက်မီဒီယာမှာ ဝေဖန်မှုအမြင့်ဆုံး ဗီဒီယိုတစ်ခု ဖြစ်လို့နေပါတယ်။
လုံခြုံရေးကင်မရာတွင် မြင်ရသည့်ပုံရိပ်များအရ ဓါတ်လှေခါးအတွင်းသို့ ခွေးလေးတစ်ကောင် အလျှင်စလို ဝင်ခဲ့ပြီးနောက် ယောက်ျားတစ်ယောက် နောက်မှလိုက်ဝင်လာသည်။ ဓါတ်လှေခါး တံခါးပိတ်သည်နှင့် ဘာကိုဒေါသဖြစ်သည်မသိ ခွေးငယ်၏ ခန္ဓာကိုယ်နေရာအနှံ့ ကန်ကျောက်ခြင်း၊ ဦးခေါင်းအား ဆောင့်နင်းခြင်းတို့ကို အဆက်မပြတ်ဒေါသတကြီး လုပ်နေသည်ကို မြင်တွေ့ခဲ့ရသည်။ ခွေးငယ်မှာ သွေးအိုင်ထဲတွင် သေလုမျောပါး လဲကျနေခဲ့ပြီး ဆင်းရမည့်အထပ်ရောက်၍ ဓါတ်လှေခါးတံခါး ပြန်ပွင့်လာသည့်အခါ ခွေးငယ်ကိုပါ ပွေ့ချီသယ်ထုတ်သွားသည်ကို စက်ဆုတ်ဖွယ် တွေ့မြင်ခဲ့ရသည်။
အွန်လိုင်းသတင်းများအရ ဗီဒီယိုမှာ စနေနေ့က မှတ်တမ်းတင်ခဲ့ခြင်းဖြစ်ပြီး ရင်ဘင်မြို့ရှိ အဆောက်အဦတစ်ခုတွင်ဖြစ်ကြောင်း ဖော်ပြထားသည်။ အဆိုပါပုဂ္ဂိုလ်ကို ရဲများကရှာဖွေနေပြီး အွန်လိုင်းပေါ်မှလူများကလည်း ထိုသူကို ရှာဖွေတွေ့ရှိနိုင်လောက်သည့် အနေအထားရှိကြောင်း ယုံကြည်ထားကြသည်။
လူသားများ၏ ကိုယ်ချင်းစာတတ်သော စိတ်မှာ ဆိုးဆိုးရွားရွား ပျက်ဆီးနေခဲ့ပြီး တိရိစ္ဆာန်ထက်ပင် ပိုမိုရိုင်းစိုင်းလာနေကြောင်း ဝေဖန်ထားကြသကဲ့သို့ တိရိစ္ဆာန်ဆိုတာကတော့ တိရိစ္ဆာန်ပါပဲ ဒါပေမယ့် တစ်ချို့လူသားတွေက လူစိတ်မရှိတော့ဘူးလို့လည်း ဝေဖန်ပြောဆိုနေကြသည်။