1. Home
  2. Myanmar News

ရတနာပုံတက္ကသိုလ် ဓာတုဗေဒဌာနရှိ စာမေးပွဲအဖြေလွှာများထားသည့် အခန်း ဖောက်ထွင်းခံရ

Myanmar News มี.ค. 29, 2560 view 1,504

အမရပူရမြို့နယ် ရတနာပုံတက္ကသိုလ်ဓာတုဗေဒ ဌာနရှိ စာမေးပွဲအဖြေလွှာများထားရှိသောအခန်း၌ ရုံးပိတ် ရက်အတွင်း ဖောက်ထွင်းမှုဖြစ်ပွားခဲ့ကြောင်း အဆိုပါ တက္ကသိုလ်ဆရာများ အသိုင်းအ၀ိုင်းမှ သိရသည်။

‘‘အဖြေလွှာထားတဲ့အခန်း ကို ဖောက်ထွင်းခံရတဲ့အတွက် ကျောင်းသားပဲဖြစ်မယ်လို့ ထင်ပါ တယ်။ အဲဒီလိုအခန်းမျိုးက တ ခြား အဖိုးတန်ပစ္စည်းလည်းရှိတဲ့ အခန်းမဟုတ်ပါဘူး။ အလွန်ဆုံးရှိ မှ ကွန်ပျူတာပဲရှိတာပါ။ အဲဒီ အ ခန်းထဲက အဖြေလွှာပျောက်ဆုံး ခြင်း ရှိ၊ မရှိကို စစ်ဆေးနေတယ် လို့သိရတယ်။ ကျောင်းမှာ တာ ၀န်ရှိသူတွေကတော့ ထုတ်ပြန် ခြင်းမရှိသေးပါဘူး’’ဟု

ရတနာပုံ တက္ကသိုလ်မှ ဆရာတစ်ဦးက ပြောသည်။ စာမေးပွဲအဖြေလွှာစာရွက် များထားရှိသည့် အခန်း၏ ပြတင်း ပေါက်သံပန်းကိုဖျက်၍ ၀င် ရောက်ခဲ့ကြောင်း ၎င်းက ပြော သည်။ဓာတုဗေဒဌာန ပထမထပ်၊ ဆရာ၊ ဆရာမများ အခန်းနှင့် ကပ်လျက်ရှိသည့် စာမေးပွဲအဖြေ လွှာများထားသောအခန်း ဖောက် ထွင်းခံရပြီး မတ်လ ၂၈ ရက် နံနက် ကျောင်းဖွင့်ချိန်မှသာ ဖောက်ထွင်းခံရမှန်း သိခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်သည် ကြီးမား သည့် ဖောက်ထွင်းမှုမျိုးမဟုတ် ဘဲ မည်သည့်ပစ္စည်းမျှ ပျောက် ဆုံးခြင်းမရှိကြောင်း၊ ဖြစ်စဉ်မှာ ကျောင်းသားများ၏ လက်ဆော့မှု သာဖြစ်နိုင်ကြောင်း ရတနာပုံ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက် တာအေးကျော်က ဖုန်းဖြင့် ဖြေ ကြားခဲ့သည်။

အမရပူရမြို့နယ် ရဲတပ်ဖွဲ့ သို့ သွားရောက်မေးမြန်းရာ လာရောက်တိုင်ကြားခြင်း မရှိ၍ မသိရှိကြောင်း အမရပူရမြို့နယ် မြို့မရဲစခန်းမှ တာဝန်ကျရဲအုပ်တစ်ဦးကပြောကြားသည်။ ရတနာပုံတက္ကသိုလ် စာမေး ပွဲကို မတ်လ ၂၀ ရက်မှ ၂၈ ရက် အထိ ကျင်းပခဲ့ပြီး စနေ၊ တနင်္ဂနွေနှင့် တပ်မတော်နေ့ သုံး ရက်ပိတ်ချိန်တွင် စာမေးပွဲ အဖြေ လွှာထားရှိသောအခန်း ဖောက် ထွင်းခံရခြင်းဖြစ်သည်။

Credit : 7daydaily 

ဓာတ်ပုံ ...ပုံဖော်မှုမျှသာ



Follow us on