1. Home
  2. Special or Others

ရန်ကုန်မြို့လည်ကောင်မှာ ကိုယ်လုံးတီးချွတ်ပြီး ရန်ဖြစ်ပြီး ရဲတွေကို ပက်ပက်စက်စက်ဆဲတဲ့ စုံတွဲ

Special or Others มี.ค. 29, 2560 view 2,232
မတ်လ ၂၈ ရက်နေ့ ည ၉ နာရီဝန်းကျင်ခန့်တွင် လမ်းမတော်မြို့နယ် (၁၁) ထိပ်တွင် စုံတွဲနှစ်ဦး အဝတ်အစားများ ကိုယ်လုံးတီးချွတ်လျှက် စကားများရန်ဖြစ်ကြကြောင်း လှုမှုကွန်ယက်စာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့သည်။
 
ဟာ.. ကျွတ်ဆင်ကြီးကွာ..!! :O :O
 
ကျတော်က မြို့ထဲကအပြန်ပေါ့ဗျာ...
အနော်ရထာလမ်းအတိုင်းပြန်လာတာ ၁၁ လမ်းထိပ်ရောက်တော့ ရှေ့နားက သူတို့အော်သံကိုစပြီးကြားရတာပဲ..
လှည်းတန်းလမ်းထိပ်နားလောက်မှာ အတွဲတစ်တွဲ ရန်ဖြစ်နေကြတရ်ပဲပေါ့..
 
ပြီးတော့သူတို့က ကျတော်နဲ့မျက်နှာချင်းဆိုင် စကားများရင်း လမ်းလျှောက်လာတရ်..
အဝေးကကြည့်လိုက်တော့ ကောင်မလေးဝတ်ထားတာက အသားရောင်ဘောင်းဘီပဲထင်နေတာဗျ..
အနီးနားရောက်မှ OMG ဘုရားရေ..!!
အောက်ကဘာမှ မဝတ်ထားဘူးဗျ..
ကျတော်လဲ ယိုသူမရှက် မြင်သူရှက်ပြီး မျက်နှာလွှဲလိုက်တရ်ဗျာ..
 
 
ပြီးတော့ သူတို့ လှည်းတန်းလမ်းထိပ်နားမှာပဲ အော်ကြီးဟစ်ကျယ် ထပ်ဖြစ်ကြတရ်...
နင့်ကိုရဲစခန်းမှာတိုင်ရင်ရတာတွေရော ဘာတွေကော ဘာညာသာရကာ စုံလို့ပေါ့ဗျာ..
ရန်ဖြစ်နေရင်းကနေ ကောင်မလေးက အင်္ကျီပါထပ်ချွတ်လိုက်ရောဗျာ..
ကိုယ်လုံးတီးဖြစ်သွားပြီ..အဲ့ဒါနဲ့ 
ကျတော်အဝေးကပဲဆက်ကြည့်နေဖြစ်တရ်ဗျာ..
(အများနည်းတူ စပ်စုမိတာပေါ့)
 
 
ကောင်လေးကအတင်းပြန်ဝတ်ခိုင်းနေတာ နောက်တော့ကောင်လေးကပဲ သူ့ကောင်မလေးကို မရမက အတင်းပြန်ဝတ်ပေးလိုက်တရ်...
အော်ပွဲပြီးသွားပြီပေါ့... ကျတော်ပြန်မလို့လုပ်တုန်း လှည့်အထွက် ခဏနေတော့ အော်သံအကျယ်ကြီးကြားလိုက်တရ်..
လှည့်ကြည့်လိုက်မိတော့ ရဲကားတွေနဲ့ ရဲတွေရောက်လာကြတရ်..
ကောင်လေးကို လက်ထိပ်ခတ်ပြီး ကားပေါ်ခေါ်တင်တော့ ကောင်မလေးကစပြီး သောင်းကျန်းပါလေရော..
 
 
ဘာလို့လိုက်ရမှာလဲ ဘာလို့ရှင်းရမှာလဲနဲ့ပေါ့..!!
ရဲတွေနဲ့အချေအတင်ပါ ရဲတွေကိုဆဲဆိုနေတရ်.. သူ့ကောင်လေးကို ဘာလို့ခေါ်သွားမှာလဲတဲ့ ပြန်လွှတ်ပေးရင်ပေး လွှတ်မပေးရင် အဝတ်အစားတွေ အကုန်ထပ်ချွတ်ပစ်မယ်တဲ့
ရဲတွေက ကောင်မလေးကိုမထိဘူး တားတာပေါ့..
မိန်းကလေးဖြစ်နေတော့ရဲတွေဘက်ကမှားမရ်လေ (အာ့ကြောင့်ထင်တရ်)
 
ရဲမေတွေပါမလာခဲ့ဘူး (မမြင်မိဘူး) ပြောမရတာနဲ့ ရဲတွေက လုပ်ချင်တာလုပ် ဆိုတော့ ကောင်မလေးကအဝတ်အစားတွေအကုန်ချွတ်ပြီး ရဲတစ်ယောက်ရဲ့မျက်နှာကိုအဝတ်အစားတွေနဲ့ ပစ်ပေါက်ပြီး သောင်းကျန်းတရ် ဆဲဆိုတရ်ပေါ့ဗျာ..
ရဲတွေက သူ့ကိုဘာမှပြန်မလုပ်ဘူး သူ့အဝတ်အစား ပြန်ဝတ်ဖို့ပဲပြောနေကြတာ..
ကျန်တာစခန်းရောက်မှရှင်းကြမယ်ပေါ့..
သူမကတားမရဘူး အဝတ်အစားတွေချွတ်ပြီးတာနဲ့ ပတ်ပြေးပြနေရောဗျာ...
Myanmar Net ရှေ့အမှိုက်ပုံးနားရောက်တော့ သူ့ကိုယ်သူ လှဲချလိုက်ပါရော..
(အရူးကွက်နင်းတရ်ထင်ပါတရ်)
 
 
ရဲတွေက သူမကိုအာရုံရောက်နေတဲ့အချိန် ရဲမေတွေလဲ နောက်ရဲကားနဲ့ထပ်ရောက်လာကြပြီ သူ့ကိုပြောဆိုပြီးအရေးစိုက်နေတုန်း ကောင်လေးကကားပေါ်ကဆင်းပြေးကော..
ရဲမေတွေက ကောင်မလေးကို အဝတ်အစားတွေ ပြန်ဝတ်ပေး ထိန်းကြနဲ့ အလုပ်ရှုပ်နေကြတာ..
ကောင်မလေးလဲဟိုလုပ်ဒီလုပ်နဲ့ထွက်ပြေးကောဗျာ..
ချက်ခြင်းပဲ ရဲတွေနောက်ကပြေးပြီးလိုက်ကြတာ ဘုန်းကြီးလမ်းအလယ်လောက်မှာ မိသွားကြတရ်..
 
ရဲတွေကကားပေါ်ဆွဲတင်တာပေါ့ဗျာ..
အဲ့မှာ ကောင်မလေးက ရဲတွေကို ဆဲဆိုနေတာ ရစရာကိုမရှိ မွှန်ထူနေတာပဲ
 
ငါဘာကောင်မလဲဆိုတာ နင်တို့နောက်မှသိမရ်တဲ့ ရဲကားထွက်သွားတော့ ဆက်ပြီးမစပ်စုတော့ပဲ ကျုပ်အိမ်ပြန်ခဲ့တရ်ပေါ့ဗျာ..
ဟူး....သတင်းအစုံအလင်ပါ
 
အော်...ပြောဖို့မေ့လို့ ကြားမိတာ သူတို့အတွဲရန်ဖြစ်လာကြတာ ကိုင်းတန်းလမ်းထိပ်ကထဲကတဲ့ ကောင်မလေးက အဲ့လိုအောက်ပိုင်းအဝတ်မပါ ဗလာကြီးနဲ့ဆိုလားပဲ..???
ကောင်လေးကတော့ ဘောင်းဘီဝတ်ထားတရ် အပေါ်အင်္ကျီတောင် မဝတ်ထားရသေးဘူး အင်္ကျီကို ခန္ဓာကိုယ်ပေါ် အပေါ်ယံလေးတင် တင်ပြီးခြုံထားတာဗျ..
 
ဟူး...ရင်မောလိုက်တာဗျာ..!
 
Credit:ဟိဏ်းထက်ကျော်ဇင်
 


Follow us on