1. Home
  2. Myanmar News

တာချီလိတ်တွင် အိမ်ဆောက်ပစ္စည်းဆိုင်အနီး လက်ပစ်ဗုံးတွေ့

Myanmar News มี.ค. 29, 2560 view 1,543

တာချီလိတ်မြို့ ဆန်ဆိုင်း (ခ) ရပ်ကွက်အတွင်းရှိ ရွှေနဂါး အိမ်ဆောက်ပစ္စည်း အရောင်း ဆိုင်မှ အသက် (၃၁)နှစ်အရွယ် အရောင်းစာရေးဦးညီညီသည် မတ်လ ၂၈ ရက် နံနက် ၁၀ နာရီခွဲခန့်က လက်ပစ်ဗုံးကို စတင်တွေ့ရှိခဲ့ပြီး ရဲတပ်ဖွဲ့သို့အကြောင်းကြားခဲ့ကြောင်း တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

‘‘လက်ပစ်ဗုံးတွေ့တာနဲ့ပတ် သက်ပြီး အမှုတော့မဖွင့်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ လုံခြုံရေးအရ လိုက်စစ်ဆေးတာ တော့ရှိတာပေါ့’’ဟု မြို့နယ်ရဲတပ် ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးကဆို သည်။

လမ်းဘေးရှိ သဲပုံအတွင်းမှ GRENADE HANTFRAG M.26 A2 RDX/TNLOT.4-83 တံဆိပ် ပါ တရုတ်နိုင်ငံလုပ် ပင်မဖြုတ်ရ သေးသော စနက်တံပါလက်ပစ်ဗုံး အစိမ်းရောင်တစ်လုံးတွေ့ရှိခဲ့ပြီးယင်းလက်ပစ်ဗုံးကို အမှတ် (၉၁၃)စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း တပ်ခွဲ ၃ မှ အမှတ် ၁ ချစ်ကြည်ရေးတံတား တာဝန်ကျတပ်သားအား အပ်နှံခဲ့ကြောင်း ၎င်းက ဆိုသည်။ ရှမ်းပြည်နယ် အရှေ့ပိုင်း ထိုင်းနယ်စပ်ရှိ တာချီလိတ်မြို့၌ မူးယစ်ဆေးဝါးနှင့် လက်နက်များမကြာခဏတွေ့ရလေ့ရှိသည်။

Credit : 7daydaily



Follow us on