1. Home
  2. Myanmar News

ဧပြီ(၁)ရက်မှ စတင်ကာ တံတားဖြတ်သန်းခများ ကောက်ခံခြင်းမပြုတော့ကြောင်း ထုတ်ပြန်

Myanmar News มี.ค. 29, 2560 view 1,595
၂၀၁၇ ခုနှစ် ဧပြီလ(၁)ရက်နေ့မှစတင်ကာ သန်လျင်တံတားအပါအဝင် ရန်ကုန်တိုင်းဒေသကြီးနှင့် ဆက်စပ်နေသော တံတားကြီး(၉)စင်း ဖြတ်သန်းခများကို ကောက်ခံတော့မည်မဟုတ်ပဲ မော်တော်ယာဉ်များအားလုံးကို အခမဲ့ ဖြတ်သန်းသွားလာခွင့်ပြုမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌါနမှ အသိပေးကြေငြာခဲ့သည်။
 
အခမဲ့ဖြတ်သန်းခွင့်ပြုသည့် တံတားများမှာ -
 
(၁) ရန်ကုန်-သံလျင်တံတားအမှတ်(၁)
(၂) ရန်ကုန်-သံလျင်တံတားအမှတ်(၂) (ကုလားဝဲတံတား)
(၃) ဘုရင့်နောင်တံတားအမှတ်(၁)
(၄) ဘုရင့်နောင်တံတားအမှတ်(၂)
(၅) အောင်ဇေယျကြိုးတံတား
(၆) ရွှေပြည်သာတံတား
(၇) ပန်းလှိုင်တံတား
(၈) တွံတေးတံတား
(၉) မဟာဗန္ဓုလတံတား
 
တို့ဖြစ်ကြသည်။
 
 
>> အကြီးချဲ့ကြည့်ရန် ပုံကိုနှိပ်ပါ <<
 
 
အခမဲ့ဖြတ်သန်းသွားလာခွင့် ပြုသည်မှန်သော်ငြားလည်း သတ်မှတ်ခွင့်ပြုထားသည့် ယာဉ်များနှင့် အလေးချိန်အတိုင်းသာ လိုက်နာ ဖြတ်သန်းရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ 
 


Follow us on