အိမ်ထောင်ရှင် အမျိုးသမီးများ၏ Mrs Myanmar 2017 နှင့် Ms Myanmar 2017 ပြိုင်ပွဲကြီး ပထမနေ့ကျင်းပ ပြုခဲ့တာရာ သရုပ်ဆောင် "မတူး"လည်း Mrs Myanmar အဖြစ် ရွေးချယ်ခံခဲ့ ရပါတယ်။ အိမ်ထောင်ရှင် အမျိုးသမီးများ၊ Single mom /divorce/ separated / အပျိုကြီး အုပ်စုများပါဝင် ယှဉ်ပြိုင်ခဲ့တဲ့ Mrs Myanmar & Ms Myanmar 2017 ပြိုင်ပွဲကြီးကို မတ်လ ၂၈ ရက် ညက ရန်ကုန်မြို့  MCC ခန်းမ မှာ ကျင်းပခဲ့တာဖြစ်ပြီး ပြိုင်ပွဲ ကို Miss Golden Land Organization က ကြီးမှူးပြီး ပထမဆုံးအကြိမ် ကျင်းပတာ ဖြစ်ပါတယ် ။
အသက် ၃၅နှစ်နှင့်အောက် အိမ်ထောင်ရှင် အလှမယ်များအတွက်လည်း Junior Mrs Myanmar 2017 ပြိုင်ပွဲ ထပ်မံ ကျင်းပပေးသွားမှာလဲ ဖြစ်ပါတယ် ။ အလှမယ် (၆၀ ) ဦး ပါဝင်ယှဉ်ပြိုင်ပြီး ဆန်ကာတင် ၂၅ ဦး ၊ ထပ်မံပြီး ၁၆ ဦး ကို ရွေးချယ်ကာ ၊အိမ်ထောင်ရှင် များအတွက် Classic Mrs Myanmar ဆုကို အသက်၅၁ နှစ် နှင့် အထက် တွင် ဒေါ်အေးအေးမူ နဲ့ single mom /divorce/ separated / အပျိုကြီး အုပ်စု တွင် ဒေါ်တူးတူး ၊ ၄၅ နဲ့ ၅၀ ကြားတွင် မတင်တင်ယု ၊ ၃၀ မှ ၄၀ ကြား single mom /divorce/ separated / အပျိုကြီး အုပ်စုတွင် ခင်သန္တာထွန်း ၊ plus size တွင် မချိုချိုလှိုင်၊ ၃၆ မှ ၄၄ ကြားတွင် မဇင်ဝင့်သူ၊ ၃၆ နှစ်အောက် single mom /divorce/ separated / အပျိုကြီး အုပ်စု တွင် မိုးမိုး တို့က အသီးသီး ရရှိခဲ့ပါတယ် ။
မတူးဟာ အသက် ၆၂ နှစ်အရွယ် အကြီးဆုံးပြိုင်ပွဲဝင် ဖြစ်ပြီး ငယ်ဘဝ က မလုပ်ခဲ့ရတဲ့ အိပ်မက်တွေကို ခုအခွင့်အရေးရလို့  အကောင်ထည် ဖော်ခဲ့တာဖြစ်တယ်လို့လဲ ပြောကြားထားပါတယ်။
Credit:sunday journal