1. Home
  2. Special or Others

တရုပ်ကလာတဲ့ အစားအသောက်အတုဆိုတာ ရုပ်/သံ

Special or Others มี.ค. 29, 2560 view 1,746
တရုပ်ကလာတဲ့ ပစ္စည်းတွေနဲ့သာ ပျော်မွေ့နေခဲ့ကြရတဲ့ မြန်မာနိုင်ငံသားတွေအတွက် ကုန်ပစ္စည်းတံဆိပ်အတုဆိုတာ သိပ်မဆန်းတော့ပါဘူး။ ဘယ်လောက်ပင် ဈေးကြီးတဲ့ နံမည်ကြီးအမှတ်တံဆိပ် ကုန်ပစ္စည်းမဆို တရုပ်လက်ထဲရောက်သွားရင် ဈေးပေါပေါနဲ့ ရောက်လာတတ်ကြပါတယ်။
 
ကုန်ပစ္စည်းတွေကို အတုလိုက်လုပ်ပြီး ဈေးကွက်ထဲကို ထိုးဖောက်တာ အကြောင်းမဟုတ်ပေမယ့် အစားအသောက်တွေကို အတုလုပ်ပြီး ရောင်းတာကတော့ ကျန်းမာရေးအတွက် အန္တရာယ်အကြီးကြီး ရှိနေပါတယ်။
 
ယခုဗီဒီယိုမှာ အစစ်နဲ့ လုံးဝခွဲမရအောင် တူတဲ့ဂေါ်ဖီထုတ် တစ်ထုတ်ဖြစ်အောင် ဓါတုဗေဒဆေးရည်နဲ့ ကျွမ်းကျင်မှုအနုပညာ ပေါင်းစပ်ပြီး ဂေါ်ဖီထုတ်အတု တစ်ထုတ်ကို မိနစ်ပိုင်းအတွင်း ဖန်တီးလိုက်တာကို အံ့သြထိတ်လန့်စရာကောင်းလောက် တွေ့မြင်ရပါလိမ့်မယ်။ မြန်မာပြည်ထဲ မရောက်လာပါစေနဲ့လို့သာ ဆုတောင်းရင်း..။
 


Follow us on