1. Home
  2. Special or Others

ကွန်ဒုံးတွေ မျက်နှာပေါ်မှာကပ်ပြီး အပြင်ထွက်ခဲ့ကြတဲ့ မိန်းကလေးများ

Special or Others มี.ค. 30, 2560 view 1,828
တရုပ်နိုင်ငံ ပေကျင်းမြို့ရဲ့ မြေအောက်ရထားတွဲပေါ်မှာ ကောင်မလေးတွေ တန်းစီပြီးထိုင်နေကြပါတယ်။ သူတို့ရဲ့ မျက်နှာတွေပေါ်မှာ ကွန်ဒုံးတွေကို ကပ်ထားကြတဲ့အတွက် ရထားတွဲထဲကို ဝင်လာကြသူတိုင်းက သူတို့ကို ကြည့်ကာ အထူးအဆန်းဖြစ်ပြီး အံ့သြနေကြပါတယ်။ 
 
 
ကွန်ဒုံးတွေကို သူတို့ရဲ့ မျက်မှာပြင်ပေါ်မှာသာမက လက်မောင်းနဲ့ လည်ပင်းတွေမှာပါ ကပ်ထားကြပါတယ်။ ခရီးသွားအချို့က ထူးဆန်းနေတဲ့ သူတို့ရဲ့ ပုံသဏ္ဍန်ကြောင့် အချို့က ဓါတ်ပုံတွေ၊ ဗီဒီယိုတွေရိုက်ကြပေမယ့် သူတို့ကတော့ လုံးဝမမှုပါဘူး။ အဆိုပါဓါတ်ပုံတွေဟာ တရုပ်ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့ခဲ့ပြီး ဝေဖန်မှုများ ပြင်းထန်ခဲ့ပါတယ်။
 
 
တစ်ကယ်တော့ သူတို့တွေဟာ ကြော်ငြာမော်ဒယ်လ်တွေဖြစ်ပါတယ်၊ တရုပ်ပြည်က  ကွန်ဒုံးထုတ်လုပ်တဲ့ စက်ရုံ dxcondom က သူတို့ရဲ့ ပစ္စည်းကို ကြော်ငြာတဲ့ အနေနဲ့ မော်ဒယ်လ်တွေကို ငှားရမ်းပြီး အခုလို လူတွေ စိတ်ဝင်စားလာအောင် လုပ်ခဲ့တာဖြစ်ပါတယ်။
 
 
ဒါပေမယ့် ကုမ္ပဏီရဲ့ ကြော်ငြာအိုင်ဒီယာကို အွန်လိုင်းသုံးသူတွေက ဝိုင်းဝန်းဝေဖန်ခဲ့ကြပါတယ်။ လူအများသွားလာနေတဲ့ နေရာမြင်ကွင်းတစ်ခုမှာ အခုလို စိတ်ကူးနဲ့ ကြော်ငြာတာဟာ တော်တော်အပေါစားဆန်တယ်လို့ ဝေဖန်ခဲ့ကြပြီး မော်ဒယ်လ်တွေကိုလည်း ဒီလိုအလုပ်မျိုးကို လက်ခံခဲ့လို့ အတော်စိတ်ပျက်စရာကောင်းတယ်လို့ တိုက်ခိုက်ပြောဆိုခဲ့ကြပါတယ်။
 
 
အချို့သော ဝေဖန်သူတွေကတော့ လူအတော်များများသ ကွန်ဒုံးဆိုရင် လိင်ဆက်ဆံတဲ့နေရာမှာပဲ အသုံးပြုတယ်လို့ သိထားတတ်ပါတယ်၊ ဒါပေမယ့် ကွန်ဒုံးကို အကျိုးရှိရှိအသုံးပြုနိုင်တဲ့ နေရာတွေ အများကြီးရှိပါတယ်လို့ အပြုသဘောနဲ့ ဝေဖန်ထာတာကိုလည်းတွေ့ရပါတယ်။
 
 


Follow us on