1. Home
  2. Myanmar News

ရန်ကုန်သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ခွင့် လျှောက်ထားမှု ၂၃ ခုရှိလာ

Myanmar News มี.ค. 31, 2560 view 1,427

မဏ္ဍပ်ဆောက်လုပ်ခွင့် လျှောက်လွှာများကို မတ်လ ၂၅ ရက်အထိ လက်ခံသော်လည်း ခရိုင်မဏ္ဍပ်နှစ်ခုသည်အ ကြောင်း အမျိုးမျိုးကြောင့်လျှောက်ထား ရန် နောက်ကျခဲ့ခြင်းကြောင့် နောက်တိုးစာရင်းအဖြစ် တိုင်း ဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြခဲ့ကြောင်း ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မ တီ၊ အင်ဂျင်နီယာဌာန (လမ်း/တံ တား) မှ ဒုတိယဌာနမှူးဦးစိုးသိန်း အောင်က ပြောသည်။

‘‘မနေ့ကမှ လျှောက်လွှာလာ တင်လို့ ကျွန်တော်တို့အားချင်း အ စိုးရအဖွဲ့ရုံးကို တင်ပေးလိုက် တယ်။ ဒါကြောင့် နောက်ဆုံးစာ ရင်းအရဆိုလျှင် လျှောက်ထားတဲ့ အရေအတွက်က ၂၃ ခုရှိသွားပြီ’’ ဟု

၎င်းကပြောသည်။ ထို့ကြောင့် ရန်ကုန်တိုင်းဒေ ကြီးအစိုးရအဖွဲ့ထံ တင်ပြထား သည့် မဏ္ဍပ်များသည် အကြီး ၁၅ ခုနှင့် အလတ် ရှစ်ခုဖြစ် သည်။ လက်ရှိလျှောက်ထားသော မဏ္ဍပ်ဆောက်လုပ်ခွင့်များကို ရန် ကုန်တိုင်းဒေသကြီးအစိုးရက စိ စစ်နေပြီး ရက်ပိုင်းအတွင်း အတည်ပြုချက် ထွက်လာနိုင် ကြောင်း အစိုးရအဖွဲ့ တာဝန်ရှိသူ တစ်ဦးကပြောသည်။ ‘‘လျှောက်ထားတဲ့မဏ္ဍပ် တွေအကုန်ရဖို့တော့များပါတယ်။ ထပ်လျှော့ဖို့တော့ မရှိနိုင်ဘူး’’ ဟု ၎င်းကဆိုသည်။ ယခင်နှစ်က ရန်ကုန်မြို့တွင် သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ရန် ကြိုတင်လျှောက်ထားသည့်အရေ အတွက် ၃၀၀ ကျော်ရှိပြီး ယခု နှစ်၌၂၀ ကျော်သာရှိခြင်း ကြောင့် အရေအတွက် သိသာစွာ လျော့ နည်းသွားကြောင်း ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မ တီမှတ်တမ်းများအရ သိရသည်။

Credit : 7daydaily



Follow us on