1. Home
  2. Myanmar News

သင်္ကြန်ကာလအတွင်း ထုတ်လုပ်နိုင်တဲ့ အင်အားထက် ပိုမိုသုံးစွဲရင် မီးပျက်မည်

Myanmar News มี.ค. 31, 2560 view 1,423

သင်္ကြန်ကာ လအတွင်း ထုတ်လုပ်နိုင်တဲ့ အင်အားထက် ပိုမို သုံးစွဲ ရင် လျှပ်စစ်မီးပျက်တောက်သွားမှာ ဖြစ်တယ်လို့ အလုံ လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းမှ အထွေထွေမန်နေဂျာ ဦးစောဝင်းအောင်က ပြောပါတယ်။

“သင်္ကြန်မှာ လျှပ်စစ်ဝန်ထမ်းတွေကို အဆိုင်းချထားတယ်။မနားရဘူး။ သင်္ကြန်တွင်းမီးမပျက်ဖို့။လိုတာထက်ပိုရင်တော့ မီးကပျက်မှာပဲ။ဒီနှစ်က အရင်နှစ်တွေထက် လျှပ်စစ်သုံးစွဲမှု ပိုများတယ်။ အဲ့ဒီတော့ လူတိုင်းလျှော့ပြီး သုံးသင့်တယ်။”

လို့ ဦးစောဝင်းအောင်က ပြောပါတယ်။ နွေရာသီဖြစ်တဲ့ ဧပြီ၊မေ၊ဇွန်၊ဇူလိုင်လတွေမှာ တနိုင်ငံလုံးက လျှပ်စစ်သုံးစွဲတဲ့ပြည်သူတွေအနေနဲ့ လူတိုင်း လျှပ်စစ်မီးကို ၁၅ရာခိုင်နှုန်း လောက်လျှော့သုံးရင် မီးပျက်မှာ မဟုတ်ဘူးလို့ ဦးစောဝင်းအောင်က ပြောပါတယ်။ လက်ရှိအချိန်မှာရတနာဂတ်စ် လိုင်းပြန်လည်ပြုပြင်နေတာကြောင့် ရန်ကုန်မြို့အတွင်းက စက်မှုဇုံတွေကိုမတ်လ ၂၇ရက်နေ့ကနေစတင်ပြီး တပတ်တာ မီးအလှည့်ကျပေးသွားမယ်လို့ ကြေညာထားပါတယ်။

Credit ; kumudranews



Follow us on