1. Home
  2. Special or Others

Galaxy Star သီချင်းဆိုပြိုင်ပွဲ ဧပြီ ၇ ရက်တွင် စတင်ထုတ်လွှင့်မည်

Special or Others มี.ค. 31, 2560 view 1,409

Galaxy Star အမည်ရှိ သီချင်းဆိုပြိုင်(အဆိုပြိုင်ပွဲ)ကို ဧပြီ ၇ရက်တွင် MRTV-4 ရုပ်သံလိုင်းတွင် ထုတ်လွှင့် မည်ဖြစ်ကြောင်း ဆမ်ဆောင်း မြန်မာက မတ်လ ၂၈ ရက်ကပြောကြားခဲ့ပါတယ်။အဆိုပါ ပြိုင်ပွဲအတွက် ဆုကြေးငွေဟာ ကျပ်သိန်း ၁,၀၀၀ ရရှိမှာ ဖြစ်ပါတယ်။MRTV-4 တွင် ဧပြီ ၇ ရက်ကစတင်၍ အပတ်စဉ် သောကြာနေ့ည ၉ နာရီ ၁၅ မိနစ်တွင် ထုတ်လွှင့်တင်ဆက်မည်ဖြစ်ပါတယ်။အဆိုပါပြိုင်ပွဲဝင် တေးသံရှင်များကို ၂၀၁၆ ဒီဇင်ဘာမှာ မြန်မာနိုင်ငံရှိ မြို့ကြီး ၁၅ ခုတွင် လှည့်လည်စီစစ်ရွေးချယ်ခဲ့ပါတယ်။ ပထမအဆင့်၌ ယှဉ်ပြိုင်ပါ ၀င်သူ ၂၅,၀၀၀ ကျော်ရှိခဲ့ကြောင်း ထုတ်ပြန်ချက် တွင်ပါရှိသည်။

အဆိုပါ သီချင်းဆိုပြိုင်ပွဲတွင် အသက် (၁၅)နှစ်မှ (၃၅)နှစ်အ တွင်းတစ်ဦးချင်းဖြစ်စေ၊ အဖွဲ့ လိုက်ဖြစ်စေ ၀င်ရောက်ယှဉ်ပြိုင် နိုင်ပြီး Local Challenge, Premier Challenge, Galaxy Camp, Korea Training Camp နှင့် Dream League ဟူ၍ အ ဆင့်ငါးခု သတ်မှတ်ထားသည်။ နောက်ဆုံးအဆင့် အနိုင်ရရှိ သူ (သို့မဟုတ်) အနိုင်ရအဖွဲ့သည် ဆုကြေးငွေ ကျပ်သိန်း ၁,၀၀၀ နှင့် တစ်နှစ်အတွင်း ကိုယ်ပိုင်စီးရီး ခွေကို ကိုရီးယားနိုင်ငံတွင် ရိုက် ကူးခွင့်ရရှိမည်ဖြစ်ကာ ကမ္ဘာ ကျော်အနုပညာကြယ်ပွင့်ဖြစ်လာ နိုင်ကြောင်း ဆမ်ဆောင်းမြန်မာက သတင်းထုတ်ပြန်သည်။

ယင်းပြိုင်ပွဲအတွက် ဂရေ ဟမ်၊ ဖိုးကာ၊ ဆုန်သင်းပါရ်၊ ဖြူ ဖြူကျော်သိန်းနှင့် J-Me တို့က အကဲဖြတ်ဒိုင်များအဖြစ် ပါဝင် မည်ဖြစ်သည်။ အထက်ပါသီချင်းဆိုပြိုင်ပွဲ ကို ဆမ်ဆောင်းမြန်မာ၊ Namin Myanmar ကုမ္ပဏီတို့နှင့်အတူ ဆက်သွယ်ရေးအော်ပရေတာ အူရီးဒူးမြန်မာတို့က ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ၂၀၁၇ စက်တင်ဘာ၌ ပြိုင်ပွဲပြီးဆုံးမည်ဖြစ် သည်။

Soure : myanbnews



Follow us on