1. Home
  2. Special or Others

၂၀၁၄ ခုနှစ်နောက်ပိုင်း မလေးရှားမှာ သေဒဏ်ချမှတ်ခံရသူ ၁၁၀ဝ ကျော်ပြီလို့ဆို

Special or Others มี.ค. 31, 2560 view 1,502

သည်နှစ် ဖေဖော်ဝါရီလ ၂၁ ရက်အထိ မလေးရှားမှာ သေဒဏ်ချမှတ်စီရင်ခံရသူလူပေါင်း ၁၁၀ဝ ကျော်ပြီလို့ မလေးရှားဒုတိယဝန်ကြီးချုပ် အာမက်ဇာဟစ်ဟာ မီဒီက ပြောပါတယ်။ အကျဉ်းဦးစီးဌာနရဲ့ သည်နှစ် ဖေဖော်ဝါရီလ ၂၁ ရက်အထိ စာရင်းအချက်အလက်တွေအရ တရားရုံးကနေ အပြစ်ရှိကြောင်း တွေ့ရပြီး သေဒဏ်ချမှတ်လိုက်တဲ့ အကျဉ်းသားအရေအတွက် ၁၁၂၂ ယောက်ရှိတာသိရတယ်လို့ ပြည် ထဲရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါက် တာ အာမက်ဇာဟစ်က လွှတ်တော်ဆိုင်ရာရေးသားချက်တစ်ရပ် မှာ ပြောပါတယ်။

သူ့ရဲ့အကြောင်းပြန်စာထဲမှာ ပြစ်မှုကျူးလွန်တဲ့ပြည်နယ်တွေကို မဖော်ပြထားပါဘူး။ သူဟာ သည် နှစ်ဖေဖော်ဝါရီ လ က စပြီးတော့ နောက်ခံအမှု အ ကြောင်းအရာတွေအရ သေဒဏ် ချမှတ်ခံရတဲ့ စာရင်းအချက်အလက်တွေကို ဖော်ပြပေးဖို့ တောင်းဆိုလာတဲ့မေးမြန်းချက်တစ်ခုကို  တုံ့ပြန်ဖြေကြားခဲ့တာပဲ ဖြစ်ပါ တယ်။ဒုတိယဝန်ကြီးချုပ် ဒေါက်တာ အာမက်ဇာဟစ်က ၂၀၁၄ ခုနှစ်နဲ့ သည်နှစ် ဖေဖော်ဝါရီကြား မှာ မလေးရှားလူမျိုး ၁၄ ဦး၊ နိုင်ငံ ခြားသားနှစ်ဦး စုစုပေါင်းအကျဉ်းသား ၁၆ ဦးကို ကွပ်မျက်ခဲ့တယ်လို့ ပြောပါတယ်။

‘ဒီအားလုံးထဲမှာ အကျဉ်းသား ၁၅ ဦးကတော့ လူသတ်မှုအတွက် သေဒဏ်ပေးခံရတာဖြစ်ပြီး ကျန်တစ်ဦးကတော့ လက်နက်တွေပါဝင်တဲ့ ရာဇဝတ်မှုတစ်ခုအတွက် သေဒဏ်ပေးခံရတာပါ” လို့ ဒေါက်တာ အာမက်ဇာဟစ် က ပြောပါတယ်။ ၁၉၅၂ ခုနှစ် အန္တရာယ်ရှိ ဆေးဝါးများဆိုင်ရာ အက်ဥပဒေအရ မဖြစ်မနေ သေဒဏ်ချမှတ်ရမယ့်အစား တရားသူကြီးတွေကို သူတို့ဆုံးဖြတ်ချက်အတိုင်း ပြစ်မှုကျူးလွန်သူတွေအပေါ် ပြစ်ဒဏ်ချမှတ်နိုင်ဖို့အတွက် သည်ဥပဒေကိုပြန်ပြီး သုံးသပ်သွားဖို့ ဝန်ကြီးအဖွဲ့က ပြီးခဲ့တဲ့အပတ်မှာ သဘောတူညီခဲ့ကြပါတယ်။

Credit : kumudranews



Follow us on