1. Home
  2. Special or Others

မြန်မာအလုပ်သမား အများစု လုပ်ကိုင်နေကြသည့် စင်ကာပူဆိပ်ကမ်းတွင် ကရိန်တစ်ခုမှ ကွန်တိန်နာနှင့်အတူ ကားပါဆွဲမြောက်တင်

Special or Others เม.ย. 01, 2560 view 1,762
စင်ကာပူနိုင်ငံ ကွန်တိန်နာ ဆိပ်ကမ်းတစ်ခုတွင် ကွန်တိန်နာအား ကရိန်းမှ ဆွဲမခဲ့ရာ ကွန်တိန်နာကားပါ လေထဲသို့ မြောက်ပါပြီးခဲ့သော ဖြစ်စဉ်တစ်ခု မတ်လ ၂၉ ရက်နေ့ညက ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
 
 
စင်ကာပူနိုင်ငံရှိ ကွန်တိန်နာဆိပ်ကမ်းအသစ်တစ်ခုဖြစ်သည့် ပါစီပါဂျန်းတာမနယ်လ်တွင် ဖြစ်ပွားခဲ့ပြီးနောက် အဆိုပါ ဓါတ်ပုံများအွန်လိုင်းပေါ် ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။ ဆိပ်ကမ်းရှိ ဘေးအန္တရာယ်ကင်းရှင်းရေး တာဝန်ရှိသူအရှိရှိတစ်ဦးမှ ပြောကြားရာတွင် ကွန်တိန်နာတင်ဆောင်လာသော ကားမှာ ကွန်တိန်နာနှင့် နောက်တွဲချိပ်ဆက်ထားသည့် သော့မဖြုတ်မီတွင် ကရိန်းမောင်းသူက ဆွဲမြှောက်သွားခဲ့ခြင်းဖြစ်ကြောင်းနှင့် အမှုကို ဆက်လက်စုံစမ်းသွားမည်ဖြစ်ကြောင်း ပြန်လည် ဖြေရှင်းခဲ့ရသည်။
အဆိုပါ မတော်တဆမှုကြောင့် တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရခဲ့ခြင်း မရှိကြောင်း သိရှိရသည်။
 
 
 
စင်ကာပူဆိပ်ကမ်းအာဏာပိုင် ကုမ္ပဏီ (PSA) တွင် မြန်မာအလုပ်သမားများစွာ အလုပ်လုပ်ကိုင်နေသော ကမ္ဘာ့အဆင့်မီ ကွန်တိန်နာဆိပ်ကမ်းကြီးတစ်ခုလည်းဖြစ်သည်။
 
Ref:stomp


Follow us on