လူမှုကွန်ယက် ဖေ့စ်ဘုတ်ပေါ်မှာ ကိုယ်တိုင်အလိမ်ခံခဲ့ရတဲ့ ခေတ်လူငယ် နှစ်ဦးက ထင်မှတ်မထားတဲ့ နောက်ဆုံးပေါ် လိမ်နည်းနဲ့ သူတို့ကို မျက်စိရှေ့တင်မှာ လိမ်လည်သွာခဲ့တဲ့ နည်းလေးကို နောက်လူတွေ သတိထားနိုင်အောင် ဝေမျှခဲ့တာကို သိရှိရပါတယ်။
မူရင်းအတိုင်း ပြန်လည်ဖော်ပြသည်။
နောက်လူ တွေ မခံရအောင် သိအောင် ဝိုင်း Share ပေးလိုက်ပါ ဗျာ
ဒီလိုဗျာ ကျွန်တော်တို့က Shirt အင်္ကျီရောင်းပါတယ် Online shop ကတွေ့လို့ဆိုပြီး ကုမ္ပဏီ တစ်ခုက ဖုန်းဆက်တယ်။ သူတို့ ကုမ္ပဏီဝန်ထမ်း ယူနီဖောင်း အတွက် shirt အင်္ကျီ အထည် ၅၀၀ မှာ ဖို့ ပြောတယ် ဒါနဲ့ ပစ္စည်းကြည့် ဈေးစကားပြောမယ် ဆို ပြီး လမ်း၅၀ ထိပ်က ရွှေချယ်ရီ ကြေးအိုး ဆိုင်မှာ ဆုံကြတာ ပေါ့။
ခဏနေတော့ ရောက်လာတယ် မင်းသားနိုင်းနိုင်းတောင် သူလောက် စတိုင်မကျဘူး ကုမ္ပဏီ ယူနီဖောင်း နဲ့ ရောက်လာတယ် ကျွန်တော်တို့က နှစ်ယောက် သူက တစ်ယောက် ထဲပဲ၊ ဒါနဲ့ စကားတွေ ပြောကြရင်း အထည်တွေ ပြရင်းနဲ့ ၁၀မိနစ် ကြားတော့ ကြိုက်တယ် စရံ ၄ သိန်း ချခဲ့မယ် ဆိုပြီး ပါလာတဲ့ လက်ဆွဲ အိတ်လေး ကို ပုတ်ပြတယ်၊ ပြီးတော့ ရုံးကို ဖုန်းဆက်မယ် ဆိုပြီး ထိုင်ခုံက ခဏထသွားတယ် သူလက်ဆွဲအိတ်လေးလည်း ထားခဲ့တယ် ၁မိနစ် ကြားတော့ သူ့ဖုန်း အားကုန်သွား လို့အကို ရေ ဖုန်းတစ်Call လောက်ပေးဆက်ပါဆို ပြီး ခဏထသွား လိုက်တာ မျိုးကြီး သီချင်း လိုပဲ အိုအို ဒီက စောင့်နေသူ ပြန်ကို မလာတော့တာ ကိုဆန်းယုရဲ့ အသစ်စက်စက် 6+ လေး ရေစက်ချ လိုက်ရတယ် သူပါလာတဲ့ အိတ်ကို ကြည့်တော့လည်း သတင်းစာ စက္ကူတွေကြီးပဲ ဒီထက် ခံပျင်းတာ က ဒီငနာ စားသွားတဲ့ ကြေးအိုး ဖိုး ပါ ရှင်း လိုက်ရတယ်ဗျာ။
Photo အလိမ်ခံ ရပြီး ပျော်နေတဲ့ ရုပ်
ဓါတ်ပုံ ထဲက နှစ်ယောက်က အလိမ်ခံ ရသူ နှစ်ယောက် ပါဗျာ။
ဟု ရေးသားဖော်ပြခဲ့ပါတယ်။
ဒါကြောင့် ကိုယ်နဲ့ မရင်းနှီးတဲ့ တစ်ယောက်ယောက်က ကိုယ့်ဖုန်းကို ခဏလောင်ဆက်ပါရစေလို့ ခွင့်တောင်းလာရင် သတိသာ ထားပေတော့ဗျို့… ခေတ်သစ် အလစ်သုတ်နည်း အသစ်စက်စက်ပါ။
Credit:ကိုရဲဇော်၊ ကိုဆန်းယု