1. Home
  2. Movie Stars - Celebrity

ဆယ်လီတွေကိုယ်တိုင် ဝင်ပါရတဲ့ မပြီးဆုံးနိုင်သေးသော Myanmar IDOL ပဋိပက္ခများ

Movie Stars - Celebrity เม.ย. 03, 2560 view 1,620
Myanmar IDOL Season 2 သီချင်းဆိုပြိုင်ပွဲကြီးက အောင်မြင်စွာ အဆုံးသတ်ခဲ့ပြီး Winner ဆုရှင်အဖြစ် “သားငယ်” အနိုင်ရခဲ့ပေမယ့် ဒီပွဲကြီးရဲ့ရလာဒ်အပေါ်မှာ စိတ်သဘောထားတွေ ကွဲလွဲခဲ့ပြီး ပဋိပက္ခလေးတွေကတော့ လူမှုကွန်ယက်အွန်လိုင်းမှာ ဂယက်လို့ ကျန်နေခဲ့ပါတယ်။
 
ဘယ်အရာမဆို တစ်ချိန်ကျရင် မေ့မေ့ပျောက်ပျောက်နဲ့ ပြီးဆုံးသွားတာပဲမို့ Myanmar IDOL ရဲ့ ဂယက်ဟာ လူမှုကွန်ယက် အွန်လိုင်းမှာ တည်ငြိမ်စပြုလာပေမယ့် First Runner Up ဘီလီလမင်းအေးကို အမေရိကန်နိုင်ငံရှိ မြန်မာအသိုင်းအဝိုင်းက လော့စ်ကအိန်းဂျလိစ်၊ ဆန်ဖရန်စ္စကိုနဲ့ လားစ်ဗေးဂတ်စ် မြို့ကြီး(၃)မြို့မှာ “Billy Lamin Aye Tour USA 2017” အဖြစ် သီဆိုဖျော်ဖြေပေးဖို့ စီစဉ်နေခဲ့တဲ့ ကိစ္စဟာ ခဲတစ်လုံး ပစ်ချလိုက်သလို လှိုင်းဂယက်တွေ ဝုန်းကနဲ့ ပြန်ထလာပြန်ပါတယ်။ 
 
 
အဆိုပါ ကိစ္စအပေါ်မှာ သားငယ်ပရိသတ်တွေနဲ့ ဘီလီလမင်းအေး ပရိသတ်တွေအကြား အပြန်အလှန်ဝေဖန်ထိုးနှက်မှုတွေနဲ့ ပဋိပက္ခတွေ ကြီးထွားစေခဲ့ပြန်ပါတယ်။
 
အမေရိကန်ရောက်မြန်မာအသိုင်းအဝိုင်းက Winner ဆုရှင်ဖြစ်တဲ့ သားငယ်ကို အမေရိကန်ကို မဖိတ်ကြားခဲ့ရတဲ့ အကြောင်းအရင်းကို Ivan Oo အကောင့်ပိုင်ရှင်မှ လူမှုကွန်ယက်စာမျက်မှာပေါ်မှာ ရေးသားခဲ့ပြီးနောက် သူ၏ ရေးသားချက်များကို ရုပ်ရှင်သရုပ်ဆောင် မင်းသွေး မှ ပြန်လည်ချေပဝေဖန်ခဲ့ပါတယ်။
 
 
 
Ivan Oo က သူ ဘယ်သူဖြစ်တယ်ဆိုတာကို တုံ့ပြန်ခဲ့ပြီး မင်းသွေးကို ပြန်လည် ချေပခဲ့ပြန်ပါတယ်။
 
 
အဲသည်နောက်မှာတော့ မင်းသွေးက လူမှုကွန်ယက်ပေါ်မှ ပြန်လည် ချေပခြင်းမပြုတော့ပဲ သူတို့နှစ်ဦး မက်ဆေ့ခ်ျနှင့် အပြန်အလှန် နားလည်မှု ရရှိသွားခဲ့တယ်လို့ Ivan Oo ရဲ့ စာမျက်နှာမှာ တင်ထားခဲ့ကြောင်း သိရှိရပါတယ်။ 
 
 
Myanmar IDOL ပရိသတ်များ အားလုံးပဲ ငြိမ်းချမ်းကြပါစေ...


Follow us on