1. Home
  2. Movie Stars - Celebrity

Mister Asia Myanmar တေဇလင်းက တရားဥပဒေအရ ရင်ဆိုင်ဖြေရှင်းမည်ဟုဆို

Movie Stars - Celebrity เม.ย. 03, 2560 view 1,741
ကျွန်တော်ကို ဂုဏ်သိက္ခာကျဆင်းအောင် ပြုမူပြောဆိုထားတာတွေနဲ့ ပက်သက်ပြီး တရားဥပဒေအတိုင်း ဆောင်ရွက်သွားမှာပါ။ ဥပဒေရဲ့ အဆုံးအဖြတ်ကိုပဲ လိုက်နာမှာပါ” ဟု သတင်းစာရှင်းလင်းပွဲလုပ်ကာ Mister Asia Myanmar တေဇလင်းမှ တုံ့ပြန်ခဲ့သည်။
 
 
လက်မထပ်ပဲ သုံးနှစ်တာမျှ အတူနေထိုင်ပေါင်းသင်းခဲ့ပြီး ကိုယ်ဝန် ခုနှစ်လရသည့်အခါ တာဝန်မယူနိုင်ကြောင်း ပြောဆိုခဲ့သည့်အတွက် မစင်သီယာနော့မှ မတ်လ ၂၀ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ Mister Asia Myanmar တေဇလင်းကို တရားစွဲဆိုထားခြင်းဖြစ်သည်။
 
 
အဆိုပါကိစ္စကို တေဇလင်းက ပုဂ္ဂိုလ်ရေးတိုက်ခိုက်ခံရသဖြင့် သူ၏အနုပညာလမ်းကြောင်းများ ဆုံးရှုံးနစ်နာမှုများရှိခဲ့ပြီး ပြည်ပနိုင်ငံတစ်ခုသို့ နောက်တကြိမ် Master အဖြစ်သွားရောက်ယှဉ်ပြိုင်ရန် နီးကပ်နေချိန်တွင် မစင်သီယာနော့က တရားစွဲဆိုခြင်း၊ သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ခြင်းတို့ကြောင့် ဂုဏ်သိက္ခာကျဆင်းခဲ့ရသဖြင့် ယခုကဲ့သို့ သတင်စာရှင်းလင်းပွဲကျင်းပရခြင်းဖြစ်ပြီး မည်သည့်ကိစ္စကိုမဆို တရားဥပဒေနှင့်အညီ ရင်ဆိုဖြေရှင်းသွားမည်ဖြစ်ကြောင်း ဧပြီလ ၂ ရက်နေ့က Orchid Hotel တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ပြောကြားခဲ့သည်။ 
 
 
 
 
မစင်သီယာနော့သည် ၂၀၁၇ ဖေဖော်ဝါရီ ၁၃ ရက်က တေဇာလင်းအား တရားမကြီးနစ်နာမှု ၃၁၄/၂၀၁၇၊ ကာမလိမ်လည်မှု ပုဒ်မ ၄၁၇ တို့ဖြင့် တရားစွဲဆိုထားသော်လည်း တေဇာလင်းမှာ တရားခွင်သို့ လာရောက်ခြင်းမရှိဘဲ ရုံးချိန်း ၄ ကြိမ် ပျက်ကွက်ခဲ့ကြောင်း သိရှိရသည်။
 
 
>> မစင်သီယာနော့၏ သတင်းစာရှင်းလင်းပွဲ ရုပ်/သံ <<
 
Ref:NewsWatch


Follow us on