1. Home
  2. Special or Others

(၇)လွှာတိုက်ခန်း ပြတင်းပေါက်မှ ပြုတ်ကျခါနီး အိမ်ဖော်ကို မကယ်တင်ပဲ ဗီဒီယိုသာရိုက်နေခဲ့သည့် အမျိုးသမီး ရုပ်/သံ

Special or Others เม.ย. 03, 2560 view 1,781
ကူဝိတ်နိုင်ငံရှိ အထပ်မြင့် အိမ်ခန်း (၇)လွှာတွင် အိမ်အကူအဖြစ် အလုပ်လုပ်ကိုင်နေသော အမျိုးသမီးတစ်ဦးသည် ပြတင်းပေါက်သန့်ရှင်းရေး လုပ်နေစဉ် မတော်တဆ တိုက်ခန်းအပြင်ဘက်သို့ ထွက်ကျကာ ပြင်းတင်းပါက်ကို တွဲလွဲခိုလျှက် သေရေးရှင်ရေး ဖြစ်နေခဲ့သည်။
 
 
ထိုစဉ် အိမ်ရှင်အမျိုးသမီး ရောက်လာ ဗီဒီယိုရိုက်ကူးနေပြီး “နင်ရူးနေလား.. ဒီကိုပြန်တက်ခဲ့” ဟုသာ ပြောနေခဲ့သည်။ အိမ်ဖော်အမျိုးသမီးက ကူညီပါဟု တစ်စာစာ အော်ပေမယ့် မကူညီပဲ နေခဲ့ရာ အိမ်ဖော်မှာ ပြတင်းပေါက်ကို ခိုမထားနိုင်တော့ပဲ ပြုတ်ကျခဲ့ရသည်။
 
 
အရေးပေါ်ဆေးအဖွဲ့ရောက်ရှိလာကာ ဆေးရုံးသို့ ပို့ဆောင်ခဲ့ရသည်။ ကံကောင်းထောက်မစွာ အသက်မသေဆုံးခဲ့သော်လည်း လက်မောင်းရိုးကျိုးကြေ၊ နားနှခေါင်း သွေးယိုဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသတွင်း မီဒီယာတွေက ဖော်ပြခဲ့သည်။
 
အဆိုပါဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရန် ကူဝိတ်လူအခွင့်အရေးအဖွဲ့က တောင်းဆိုလိုက်ပြီး အိမ်ဖော် ပြုတ်ကျခါနီးတွင် မကူညီခဲ့သည့် အမျိုးသမီးအား တရားစွဲဆိုရန် ရဲအဖွဲ့အား တောင်းဆိုထားကြောင်း သိရှိရသည်။ 
 


Follow us on