1. Home
  2. Special or Others

ရေကူးဝတ်စုံဝတ် စားပွဲထိုးမလေးတွေကြောင့် နာမည်ကြီးနေတဲ့ ဟော့ပေါ့ဆိုင်

Special or Others เม.ย. 03, 2560 view 1,628

သင်အနေနဲ့ ဟော့ပေါ့ကို စွဲစွဲလမ်းလမ်း ကြိုက်နှစ်သက်တဲ့ ယောကျာင်္းလေးတစ်ယောက်ဆိုရင် တစ်ခါသွားပြီး နောက်မသွားပဲ မနေနိုင်လောက်အောင် ဖြစ်သွားစေရမယ့် ဟော့ပေါ့ဆိုင်တစ်ဆိုင်ကို ညွှန်းဆိုပေးချင်ပါတယ်။ ညွှန်းဆိုပေးချင်တာကတော့ ဒီဆိုင်ရဲ့အရသာကောင်းလှတဲ့ ဟော့ပေါ့ကြောင့်ထက် ဆိုင်ရဲ့ထူးခြားတဲ့ ဝန်ဆောင်မှုတစ်ခုကြောင့်ပဲဖြစ်ပါတယ်။ ထိုင်ဝမ်နိုင်ငံ ထိုင်ပေမြို့ပေါ်မှာ ဟော့ပေါ့စားသောက်ဆိုင်တွေ မှိုလိုပေါများလွန်းလို့ ဆိုင်တိုင်းလိုလိုဟာ သူတို့ဆိုင်ရဲ့ဟော့ပေါ့အရသာတွေ ဆိုင်ရဲ့ဝန်ဆောင်မှုတွေကို အပြိုင်အဆိုင်ကြိုးစားရတတ်ပါတယ်။ ဒါပေမယ့် မကြာသေးခင်ကမှ အသစ်ဖွင့်လှစ်ခဲ့လိုက်တဲ့ Fresh Feast ဟော့ပေါ့ဆိုင်အသစ်ကတော့ ဈေးကွက်စီးပွားရေးအမြင်ကောင်းခဲ့တာကြောင့် ယခင်ရောင်းအားကောင်းနေတဲ့ ဟော့ပေါ့ဆိုင်များကိုပင် ကျော်လွန်ပြီး နာမည်ကြီးလာခဲ့ပါတယ်။

ဘာကြောင့်လဲဆိုတော့ Fresh Feast ဆိုင်ဟာ ရုပ်ရည်ရော ခန္ဓာကိုယ်ရော ဆွဲဆောင်မှုအပြည့်ရှိတဲ့ မော်ဒယ်လေးတွေကို ရေကူးဝတ်စုံလေးတွေပေးဝတ်ပြီး စားသုံးသူတွေကို ဝန်ဆောင်မှုပေးနေလို့ပဲဖြစ်ပါတယ်။ စားသောက်ဆိုင်နာမည်ရဖို့အတွက် အမျိုးသမီးတွေကို အသုံးချတယ်လို့ ဝေဖန်ခံထားရတဲ့ Fresh Feast ဟော့ပေါ့ဆိုင်ဟာ ဝေဖန်တိုက်ခိုက်မှုထက် အောင်မြင်မှုတွေကိုသာ ပိုမိုရရှိခဲ့တာဖြစ်ပါတယ်။

သူတို့ဆိုင်ရဲ့ ဘစ်ကနီစားပွဲထိုးမော်ဒယ်လေးတွေရဲ့ ဓါတ်ပုံတွေ ဗီဒီယိုဖိုင်တွေ အင်တာနက်စာမျက်နှာပေါ် ရောက်ရှိသွားတဲ့အခါမှာတော့ ပြည်တွင်းကသာမက ပြည်ပလူများပါ ဒီဆိုင်ကို စိတ်ဝင်စားလာကြပြီး နိုင်ငံခြားများက ထိုင်ဝမ်ကိုလာလည်ဖြစ်ရင် ဒီဆိုင်ကို အရောက်လာမယ်ဆိုတဲ့အထိ ပေါက်မြောက်သွားခဲ့ရပါတယ်။ ဒီလိုအောင်မြင်မှုတွေရနေပေမယ့် Fresh Feast ဆိုင်အနေနဲ့ နည်းနည်းသတိထားဖို့လိုနေပါတယ်။ ဘာကြောင့်ဆိုတော့ မနှစ်တုန်းကလည်း တရုတ်နိုင်ငံမှာ Fresh Feast နဲ့တစ်ပုံစံတည်းတူတဲ့ ဟော့ပေါ့ဆိုင်တစ်ဆိုင် ဖွင့်လှစ်ခဲ့ပြီး ခဏလေးအတွင်းမှာပဲ ဒေသအာဏပိုင်တွေရဲ့ ပိတ်သိမ်းခြင်းနဲ့ ရင်ဆိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်ခင်ဗျာ။



Follow us on