1. Home
  2. Special or Others

မွေးကင်းစကလေးငယ်ကို သားကောင်ဝမ်းဗိုက်တွင်းထည့်သွင်းသည့် ရိုးရာဓလေ့ (ရုပ်သံ)

Special or Others เม.ย. 04, 2560 view 1,453

မိမိရဲ့ မွေးကင်းစအရွယ် ကလေးငယ်ကို သွေးသံရဲရဲနဲ့ သားကောင်ကြီးတကောင်ရဲ့ ဝမ်းဗိုက်ထဲကို ထည့်သွင်းတာဟာ ရိုးရာဓလေ့တခုဆိုရင် ဒါဟာအတော့်ကို ထိတ်လန့်စရာပါပဲ။ ဒါပေမယ့် ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အဲဒီအခိုက်အတန့်ကို မျက်ဝါးထင်ထင် တွေ့မြင်ရမှာပါ။ အမျိုးသားတဦးဟာ မွေးကင်းစကလေးငယ်ကို အနှီးနဲ့ ထုပ်ပိုးပွေ့ချီထားခဲ့ကာ အနက်ရောင် အိတ်ကြီးတအိတ်ထဲကို နှိမ့်ချပြီး ထည့်သွင်းလိုက်တာကို တွေ့ရပါတယ်။

ဒါပေမယ့် သူ ကလေးငယ်ကို နှိမ့်ချထည့်သွင်းလိုက်ချိန်မှာတော့ ဒါဟာ အိတ်တလုံးမဟုတ်ဘဲ ဘေးက သွေးသံရဲရဲနဲ့ နွား၊ ဒါမှမဟုတ် မြင်းတကောင်ရဲ့ နံရိုးတွေကို မြင်နိုင်တဲ့ ဝမ်းဗိုက်အတွင်းပိုင်းကို တွေ့မြင်လိုက်ရတာပါ။ အဲဒီအမျိုးသားရဲ့ လက်တွေမှာလည်း သွေးတွေ ချင်းချင်းနီနေခဲ့ပြီး ကလေးငယ်ကို ဝမ်းဗိုက်တွင်း ထည့်သွင်းပြီးချိန်မှာ အချိန် ၁၀ စက္ကန့်လောက် အပေါ်က ပိတ်ထားခဲ့တာကို တွေ့ရပါတယ်။ အဲဒီနောက်မှာတော့ သူတို့ဟာ ဝမ်းဗိုက်ကို ပြန်ဖွင့်ကာ ကလေးငယ်ကို ပြန်ထုတ် ယူခဲ့ကြပါတယ်။ အဲဒီနောက်တော့ အမျိုးသားက ပွေ့ချီထားတဲ့ ကလေးငယ်ကို ကောင်းချီးသြဘာပေးခဲ့ကြတဲ့ အသံတွေကိုပါ ကြားခဲ့ရတာပါ။

ဒီရုပ်သံဗွီဒီယိုဖိုင်ကို ဘယ်နေရာမှာ ရိုက်ကူးထားခဲ့တာ မသိနိုင်ပေမယ့် ကောင်းချီးမင်္ဂလာနဲ့ ပြည့်စုံဖို့ ခုလိုလုပ်ခဲ့ကြတဲ့ ရိုးရာဓလေ့တခုဖြစ်မယ်လို့ မေရာသတင်းမှာ ဖော်ပြခဲ့ပါတယ်။ အင်တာနက်စာမျက်နှာတွေပေါ်မှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ ဝေဖန်မှုတွေ မြင့်တက်နေခဲ့တာပါ။ ရုပ်သံဗွီဒီယိုဖိုင်ကြည့်ရှုသူတဦးကတော့ “ဒါဟာ ဘယ်လိုနေရာမှာ ယုံကြည်ကြတဲ့ ယဉ်ကျေးမှုလဲ။ ဒါကိုကြည့်မိတာကို နောင်တရမိတယ်”လို့ မှတ်ချက်ရေးခဲ့တာပါ။

Credit : DVB



Follow us on