1. Home
  2. Myanmar News

မြန်မာအမျိုးသမီး ကွန်မန်ဒို အထူးတပ်ဖွဲ့ဝင်များ

Myanmar News เม.ย. 04, 2560 view 2,837

တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းရဲ့ အထူးတာဝန်တပ်ဖွဲ့(အမျိုးသမီး) သင်တန်းအမှတ်စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားကို မနေ့က နေပြည်တော်ရှိ အထူးတပ်ဖွဲ့လေ့ကျင့်ရေးကွင်းမှာ ကျင်းပသွားပါတယ်။ ဒီသင်တန်းကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၈ ရက်ကစပြီး သင်တန်းသူ ၇၅ ဦးနဲ့ ဖွင့်လှစ်သင်ကြားခဲ့ရာမှာ လေထီးခုန်နဲ့ အကြမ်းဖက်နှိမ်နင်းရေး သင်ခန်းစာတွေ အပါအဝင် ပင်ပန်းကြမ်းတမ်းစွာ ခက်ခက်ခဲခဲ လေ့ကျင့်သင်ကြားပေးခဲ့ရပြီး တပ်မတော်မှ အမျိုးသမီးအရာရှိ၊ စစ်သည် ၃၅ ဦးနဲ့ ရဲတပ်ဖွဲ့မှ အမျိုးသမီးအရာရှိ၊ စစ်သည် ၁၀ ဦး အောင်မြင်စွာ သင်တန်း တက်ရောက်ပြီးစီးခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

Credit : burmese.dvb.no



Follow us on