1. Home
  2. Special or Others

YBS ယာဉ်နောက်လိုက်က တက္ကစီသမားကိုသံချောင်းနဲ့ ရိုက်

Special or Others เม.ย. 04, 2560 view 1,590

မဟာဗန္ဓုလ တံတားဂုံးအဆင်းမှာ YBS ယာဉ်နောက်လိုက်က တက္ကစီသမားကို သံချောင်းနဲ့ ရိုက်နှက်တဲ့အမှုဒီကနေ့ ငါးနာရီခန့် မှာဖြစ်ပွားခဲ့ပါတယ်။ ဗန္ဓုလ ဂုံးတံတားအဆင်း အိုးရှင်းရှေ့မှာ လမ်းလုကြရင်းYBS အမှတ်၎နဲ့တက္ကစီယာဉ်နဲ့ ပြသာနာတတ်ကြတယ်။YBS ယာဉ်နောက်လိုက်ကကားပေါ်ကဆင်းကာ တက္ကစီယာဉ်မောင်းရဲ့ လည်ပင်းကိုသံချောင်းကိုထိုးခဲ့သလို၊မျက်နှာကိုလည်းလက်သီးနဲ့ထိုးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ YBS ကားဟာ တက္ကစီယာဉ်မောင်းကိုရိုက်နှက်ပြီးထွက်ပြးခဲ့ပေမယ့် တက္ကစီယာဉ်မောင်းကကားနဲ့ နောက်ကလိုက်တယ်။ အ.ထ.က ( ၁ ) ပုစွန်တောင်ကျောင်းအရှေ့အရောက်မှာ တက်စီယာဉ်မောင်းမှ အဲသည့်ကားရဲ့အရှေ့ကို ပိတ်ရပ်ကား ယာဉ်နောက်လိုက်ကိုဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

“ကျွန်တော့်ကို လည်ပင်းကို သံချောင်းနဲ့တစ်ချက်ထိုးတယ်၊ မျက်နှာကို လက်သီးနဲ့ထိုးတယ်။ ကျွန်တော်သည်းမခံနိုင်ဘူး ကျွန်တော့်ဘက်က လမ်းမှားတယ်ဆိုရင် ထားဦး ။ သူတို့ကို စခန်းမှာအမှုဖွင့်မယ်။ ဒီလိုမလုပ်လို့ မရဘူး”

လို့ သံချောင်းနဲ့ ရိုက်နှက်ခံရတဲ့ တက္ကစီယာဉ်မောင်းက ပြောပါတယ်။ အခင်းဖြစ်ရာနေရာကို ယာဉ်ထိန်းရဲတွေရောက်ရှိနေပြီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

Credit ; “kumudranews”



Follow us on