1. Home
  2. Movie Stars - Celebrity

စီလင်းဒီယွန်ကတောင် စင်ပေါ်ခေါ်ပြီး တွဲဖက်သီဆိုခဲ့ရတဲ့ ဆယ်ကျော်သက်မိန်းကလေး

Movie Stars - Celebrity เม.ย. 04, 2560 view 1,974
ရှရိစ်” ဆိုတဲ့ ဆယ်ကျော်သက် ကောင်မလေးရဲ့ အဖြစ်ချင်ဆုံး စိတ်ကူးအိမ်မက်က အဆိုတော်တစ်ဦး ဖြစ်ဖို့ပါ။ သူမဘဝမှာ အားအကျဆုံးနဲ့ အတုယူခဲ့ရတဲ့ သူကတော့ စီလင်ဒီယွန်ပဲဖြစ်ပါတယ်။ 
 
 
ပုံဆွဲတာကို ဝါဿနာပါတဲ့ သူမရဲ့ ပုံဆွဲစာအုပ်တွေထဲမှာ စီလင်ဒီယွန်ပုံတွေက ပြည့်နှက်လို့နေပါတယ်။ သီချင်းတွေကို ကာဗာပြန်လည်သီဆိုပြီး အွန်လိုင်းမှာ တင်ထားခဲ့ရာကနေ သူမကို တစ်စတစ်စ လူသိများလာခဲ့ပါတယ်။ 
နောက်ဆုံးမှာ အိုပရာဝင်းဖရေးရဲ့ တင်တက်မှု “Derams Come True” အစီစဉ်ကနေ သူမရဲ့ ဘဝအိမ်မက်တွေကို အကောင်အထည်ဖော်နိုင်ခဲ့ပြီး ၂၀၀၈ ခုနှစ် စက်တင်ဘာမှာ နယူးယော့ခ်မှာ ပြုလုပ်ခဲ့တဲ့ စီလင်းဒီယွန် တစ်ကိုယ်တော်ဖော်ဖြေပွဲမှာ စုံတွဲသီဆိုဖျော်ဖြေခွင့်ရတဲ့ အထိအောင်မြင်ကျော်ကြားခဲ့ပါတယ်။
 
သူမရဲ့ အဆိုပညာ အသံပါဝါကြောင့် သီချင်းအဆုံးမှာ စီလင်းရဲ့ ပရိသတ်တွေ မတ်တပ်ရပ်ကာ လက်ခုတ်သြဘာပေးပြီး အသိအမှတ်ပြုခဲ့ကြရပါတယ်။ အဲဒီအချိန်က သူမရဲ့ အသက်ဟာ ၁၆ နှစ်သာရှိပါသေးတယ်။ (ဗီဒီယိုမှာကြည့်ရှုနိုင်ပါတယ်)
 
 
ဒီအကြောင်းအရာလေးဟာ ကြာခဲ့ပြီဆိုပေမယ့် အွန်လိုင်းပေါ်မှာ မနေ့တစ်နေ့ကမှ ပြန်လည် ခေတ်စားလာတဲ့ အကြောင်းအရဦလေးဖြစ်လို့ ပြန်လည် ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။
 
 
အခုဆိုရင် အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ ရှရှိစ်ဟာ အတော်အတန်အောင်မြင်တဲ့ အဆိုတော်တစ်ဦး ဖြစ်နေပြီး တစ်ကိုယ်တော်အယ်လ်ဘမ် ၅ ခု ထွက်ရှိထားပြီးဖြစ်ပါတယ်။ 
 


Follow us on