1. Home
  2. Special or Others

LV လက်ကိုင်အိတ်နဲ့ ဟင်းချက်စရာတွေ ထွက်ဝယ်တဲ့ ဖွားဖွား

Special or Others เม.ย. 04, 2560 view 1,598
LouisVuitton(L.V) အမှတ်တံဆိပ် လက်ကိုင်အိတ်တစ်လုံးရဲ့ တန်ဖိုးဟာ ဘယ်လောက်ကြီးတယ်ဆိုတာ ယနေ့ခေတ်အမျိုးသမီးတိုင်း သိထားပြီးသားဖြစ်ပါလိမ့်မယ်။ 
 
LV အိတ်အစစ်တစ်လုံးဟာ ယူအက်စ်ဒေါ်လာ ၂,၀၀၀ ဝန်းကျင်မှာရှိလို့ တော်ရုံတန်ရုံ ဝင်ငွေရှိသူတွေတောင် ကိုင်နိုင်ဖို့ မလွယ်ပါဘူး၊ ဒါပေမယ့် ထိုင်ဝမ်နိုင်ငံက အဖွားတစ်ယောက်ကတော့ LV အိတ်နဲ့ ကျကျနန ဈေးထဲသွားပြီး ဟင်းချက်စရာ အသီးအရွက်တွေသာမက ငါးညှိနံ့သင်းနေတဲ့ ငါးတွေကိုတောင် ဒီအတိုင်း ဈေးခြင်းတောင်းသဖွယ် ထည့်လာခဲ့ပါတယ်။ တစ်ကယ်တော့ LV အိတ်ဘယ်လောက်ဈေးကြီးတယ်ဆိုတာ သူမသိရှိပါဘူး။ သူ့ရဲ့ မြေးဖြစ်သူက လက်ဆောင်ပေးထားတဲ့အိတ်ဖြစ်လို့ သူအဆင်ပြေတဲ့နေရာမှာ အသုံးပြုလိုက်တာဖြစ်ပါတယ်။
 
 
ဒီအဖြစ်အပျက်ကို တွေ့လိုက်ရတဲ့ မြေးမလေးခမျာမှာတော့ မေ့လဲမတတ် ရှော့ခ်ရသွားပါတယ်။ ပိုက်ဆံစုပြီး အဖွားဖြစ်သူရဲ့ မွေးနေ့အတွက် ဝယ်ပေးထားတဲ့အိတ်ဖြစ်ပါတယ်။ ဒါပေမယ့် အဖွားဖြစ်သူက LV တွေ ဘာတွေနားမလည်ပါဘူး သူဈေးသွားရတာအဆင်ပြေလို့ ကျေနပ်နေပါတယ်။ အိတ်ကလဲ ကြီးတော့ ဆံ့တဲ့အပြင် ရေစိုခံဆိုတဲ့အတွက် သူဈေးဝယ်လာတဲ့ ဟင်းချက်စရာတွေ ရေမစိုတော့လို့ သဘောအကျကြီးကျနေပါတယ်။
 
 
နောက်ဆုံးမှာတော့ မြေးမဖြစ်သူက သူ့ရဲ့အဖွား အဆင်ပြေတာကို တွေ့ရလို့ သူလည်း ပျော်ပါတယ်ဆိုပြီး လူမှုကွန်ယက်မှာ ရေးသားခဲ့ပါတယ်။ ဒီအကြောင်းအရာလေးကတော့ အမျိုးသမီးထုကြားထဲမှာ အတော်လေး ပြောစမတ်ဖြစ်နေခဲ့ပါတယ်။ LV ဟာ အမျိုးသမီးတိုင်းရဲ့ အိမ်မက်မဟုတ်ပါလား…။
 


Follow us on