1. Home
  2. Movie Stars - Celebrity

မွေးနေ့မှာ စိန်ဆွဲကြိုး လက်ဆောင် ရခဲ့တဲ့ သွန်းဆက်

Movie Stars - Celebrity เม.ย. 04, 2560 view 1,613

မတ်လ ၂၉ ရက်နေ့က ကျရောက်ခဲ့ တဲ့ သရုပ်ဆောင် သွန်းဆက်က အသက်၂၆နှစ် ပြည့်မွေးနေ့ အထိမ်းအမှတ် အနေနဲ့ ၂၉ရက် နေ့ ညပိုင်းက ရွှေတိဂုံ ဘုရားမှာ ဆီမီး ၉ဝဝဝ ထွန်းညှိ ပူဇော်ခဲ့ပါတယ်။ ဒီနှစ် မွေးနေ့ မှာတော့ ဘာမှ အများကြီး သိပ်မလုပ်ဖြစ်ဘူး။ သွန်းဆက်လည်း ဇာတ်ကား ရိုက်ကူးနေရာကပြန်လာမှာ ဆိုတော့ ရွှေတိဂုံ ဘုရားမှာ ဆီမီး ၉ဝဝဝ ပူဇော်ဖြစ်တယ်။

ကိုယ်ရင်းနှီးတဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေကို မုန့် ကျွေးမယ် ဒီလောက်ပါပဲလို့ ပြောပြထားပါတယ် ။ ဒီနှစ်မှာ ထူးခြားတဲ့ မွေးနေ့လက်ဆောင်တွေ လည်းရသလို ပရိသတ်တွေ ကလည်း မွေးနေ့မတိုင် ခင်ညပိုင်းက surprise လာလုပ်ကြတဲ့ အတွက် ဝမ်းသာပျော် ရွှင်ခဲ့ရပါတယ်။

ထူးထူးခြားခြား လက်ဆောင်က စိန်ဆွဲကြိုး လေးရယ်၊ နားကပ်လေး ရယ် လက်ဆောင်ရထား တယ်။ တခြားဟာကတော့ သွန်းဆက် အတွက် တော့ တန်ဖိုးကြီးတာပေါ့။ ပတ္တမြားလေးနဲ့ စီ ထားတဲ့ သွန်းဆက် ဓာတ်ပုံလေးနဲ့ ကျောက်ပန်းချီ ကားလေးရတယ်။ ဒီ့ထက် တန်ဖိုးရှိတာက We Love Thun Set Fan တွေက မတ်လ ၂၈ရက် ညဘက်ကို သွန်းဆက် အိမ်မှာ surprise လုပ်သွားတယ်။ သွန်းဆက်က ခြေသည်း လက်သည်း အလှ သွားပြင်နေတာ။ ၁ဝ နာရီကျော်လောက် မှ အိမ်ပြန်ရောက်တယ်။ ကလေးတွေ အကြာ ကြီးပဲစောင့်လိုက်ရတယ်။

သူတို့ surprise လာလုပ်သွားတဲ့ အတွက် အရမ်းပျော်ရတယ်။ ကျေးဇူးလည်း တင်ပါတယ်လို့ ပြောပါတယ်။ သွန်းဆက်က ဗီဒီယို ဇာတ်ကား ၁ဝဝကျော် ရိုက် ကူးထားပြီး ၂ဝ၁၇ ခုနှစ်နှစ်ကုန်ပိုင်း ကစပြီး သူ့ရဲ့ရုပ်ရှင် ဇာတ် ကားတွေလည်း ဆက်တိုက် ရုံတင်ပြသဖို့ ရှိတာကြောင့် ပရိသတ် တွေကို အားပေးစေချင်ကြောင်း ပြောထားပါတယ်။

Credit:popular



Follow us on