1. Home
  2. Myanmar News

ရန်ကုန်ရှိလမ်းဘေးနှင့် ပျံကျဈေးရောင်းသူထက်ဝက်ခန့် ရောင်းခွင့်မရလျှင်

Myanmar News เม.ย. 05, 2560 view 1,712

EPDP အဖွဲ့က ယခုနှစ် ဇန်နဝါရီ ၂၈ ရက်မှ မတ်လ ၁၀ ရက်အထိ ကျောက်တံတား၊ ပန်း ဘဲတန်း၊ လသာ၊ လှိုင်သာယာ၊ ဒလ၊ ကမာရွတ်၊ ဒဂုံ၊ မြောက် ဥက္ကလာ၊ အင်းစိန်၊ စမ်းချောင်း၊ မရမ်းကုန်း၊ သင်္ဃန်းကျွန်း၊ သာ ကေတ၊ ရွှေပြည်သာ၊ တာမွေမြို့ နယ်နှင့် ကမ်းနားလမ်းညဈေးတို့ တွင် ဈေးရောင်းချသူ ၄၀၀ ခန့်ကို တွေ့ဆုံမေးမြန်းရာ အထက်ပါ အတိုင်း ဖြေကြားခဲ့ကြောင်း အဆို ပါအဖွဲ့မှ အထွေထွေအတွင်းရေး မှူး ဦးထွန်းမြင့်အောင်က ပြော သည်။ အထက်ပါ မြို့နယ်များတွင် လမ်းဘေးနှင့် ပျံကျဈေးရောင်းသူ များအနက် ၆၅ ရာခိုင်နှုန်းသည် ဈေးရောင်းချခွင့် မရတော့ပါက ၎င်းတို့၏ ဘဝရပ်တည်ရေး ခက်ခဲ သွားနိုင်ကြောင်းနှင့် ၁၂ ဒသမ ၅ ရာခိုင်နှုန်းက အဆင်ပြေသလို လုပ်ကိုင်မည်ဖြစ်ပြီး ၂၂ ဒသမ ၅ ရာခိုင်နှုန်းက ကြုံရာအလုပ် ရှာ ကြံလုပ်ရတော့မည်ဟု ဖြေဆိုခဲ့ ကြောင်း ၎င်းက ပြောသည်။

‘‘ဈေးသည်တွေရဲ့ လက်ရှိ ဘဝက ဒီနေ့ ဈေးမရောင်းရရင် ဒီနေ့ ဘယ်လိုစားရမလဲဆိုတာ အခက်အခဲတွေရှိနေတယ်။ သူတို့ အရင်ရောင်းချခဲ့တဲ့ နေရာတွေမှာ ပဲ ဖောက်သည်မပျက်အောင် ပြန် ရောင်းချင်ကြတယ်။ နောက်ပြီး လူထုက အင်န်အယ်လ်ဒီအစိုးရ ကို အားကိုးတဲ့အတွက် လူထုအား ကိုးတဲ့ အစိုးရတစ်ရပ် ဖြစ်စေချင် တယ်’’

ဟု ဦးထွန်းမြင့်အောင်က ဆက်လက်ပြောသည်။ ထို့ပြင် ရန်ကုန်တိုင်းအစိုးရ အဖွဲ့၏ ညဈေးတန်းဖော်ဆောင်မှု သည် ရည်ရွယ်ချက်ကောင်းသော် လည်း သုတေသနပိုင်းနှင့် စနစ် တကျ ကြိုတင်ပြင်ဆင်မှုအပိုင်း တွင် အားနည်းသည်ကို တွေ့ရှိရ ပြီး လမ်းများနှင့် ပလက်ဖောင်း များပေါ်တွင် မြို့တော်ရှင်းလင်း သာယာရေးကိုသာ အာရုံစိုက် လွန်းကြောင်း ၎င်းတို့၏ ‘‘လမ်း ဘေးဈေးသည်များ၏ အလုပ် အကိုင်နှင့် အခွင့်အလမ်းအား လေ့လာဆန်းစစ်ခြင်း’’စစ်တမ်း တွင် ဖော်ပြထားသည်။ လမ်းဘေးဈေးသည်များ အား အစားထိုးနေရာ ညှိနှိုင်းစီ စဉ်ပေးခြင်းမရှိဘဲ ဈေးမရောင်းရ ဟု ပိတ်ပင်ခြင်းသည် အခြေခံ လူထု၏ အလုပ်အကိုင်အခွင့် အလမ်းများကို ပျောက်ဆုံးစေပြီး အလုပ်လက်မဲ့ဖြစ်မှု၊ ဆင်းရဲနွမ်း ပါးမှုနှင့် ဒုစရိုက်လုပ်ငန်းများဆီ သို့ ဦးတည်စေကြောင်း EPDP အဖွဲ့က အကြံပြုတိုက်တွန်းထား သည်။

‘‘လမ်းသွယ်တွေနဲ့ နံပါတ် တပ်လမ်းတွေမှာ ဝင်ရောက် ရောင်းချခွင့် ပြုခြင်းကလည်း အဖြေမှန်မဟုတ်ပါဘူး။ လမ်းသူ လမ်းသားတွေနဲ့ ဈေးသည်တွေ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်’’

ဟု EPDP အဖွဲ့မှ အလုပ်သမားရေးရာတာဝန်ခံ ဒေါ်မာမာဦးက ဆိုသည်။ လမ်းဘေးဈေးသည် ၆,၀၀၀ ကျော်ရှိသည့်အနက် ၁,၆၀၀ ကျော်သာ အစိုးရက နေရာချထားပေးပြီး ကျန်ဈေး သည်များကို လမ်းသွယ်နှင့် နံ ပါတ်တပ်လမ်းများတွင် နေရာချ ပေးထားကြောင်း စစ်တမ်းဖြေဆို သူများက ပြောသည်။ လမ်းဘေးဈေးသည်များ အား ဖယ်ရှားရှင်းလင်းရေးသာ အာရုံမထားဘဲ စည်ပင်ပိုင်လမ်း ပေါ်တွင် အခိုင်အမာ ဆောက် ထားသော ဆိုင်ခန်းများ၊ ပလက် ဖောင်းပေါ်တွင် ဈေးခုံခင်းထား သော အိမ်ဆိုင်များ၊ ဘီယာဆိုင် များ၊ အိမ်ရှေ့လမ်းပေါ်တွင် အပင်စိုက်၊ အုတ်ခုံကာ၊ အဖီချ၊ ကားနေရာဦးထားသော အကာ အရံများ၊ မီးစက်များ၊ လူသွား ပလက်ဖောင်းများကို ဖျက်ချ ကာ အိမ်၊ ရုံးအဝင်အထွက် လမ်း များလုပ်ခြင်း၊ ကားရပ်ထားခြင်း တို့ကို ဖယ်ရှားရန်လိုအပ်ကြောင်း EPDP က ၎င်းစစ်တမ်းတွင် အကြံပြုတိုက်တွန်းထားသည်။

Credit : 7daydaily



Follow us on