1. Home
  2. Myanmar News

ဦးပိန်တံတားပေါ်မှ ပြုတ်ကျသေးဆုံးခဲ့သူသည် အသဲကွဲ၍ သေကြောင်းကြံစည်ခဲ့ခြင်းဖြစ်

Myanmar News เม.ย. 05, 2560 view 1,535
ဧပြီလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်အချိန်က ဦးပိန်တံတားပေါ်က လူတစ်ဦး ပြုတ်ကျသေဆုံးခဲ့ရပြီး မတော်တဆ ပြုတ်ကျခဲ့ခြင်း မဟုတ်ပဲ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်ကာ ရည်ရွယ်ချက်ရှိရှိ ခုန်ချသေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။
 
 
ခုန်ချသေဆုံးခဲ့သူမှာနောင်ချိုမြို့နယ်မှ အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ဦးလေးဖြစ်သူနှင့် ဦးပိန်တံတားသို့ လာရောက်ခဲ့ပြီး တံတားပေါ် တစ်နေရာအရောက်တွင် ဦးလေးဖြစ်သူအား အမှတ်တရ ဓါတ်ပုံရိုက်ပေးရန် ပြောဆိုခဲ့ပြီး တံတားတိုင်လုံးထိပ် တစ်ခုသို့တက်ရောက်ခဲ့သည်။ တိုင်ထိပ်အရောက်တွင် ဦးလေးဖြစ်သူအား “ဦးလေး ကျွန်တော်သွားပြီ” ဟု ပြောဆိုကာ ခုန်ချသွားခဲ့ကြောင်း ဦးလေး ဖြစ်သူက ပြောပြခဲ့သည်။
 
 
တံတားအောက်ခြေရှိ အုတ်တိုင်နှင့် ခေါင်းရိုက်မိကာ နေရာတင်သေဆုံးသွားခဲ့သည်။ ခုန်ချသတ်သေခဲ့သူမှာ မူးယစ်ဆေးသုံးစွဲထားခြင်းမရှိပဲ သိပ်မကြာသေးခင်က ချစ်သူက လမ်းခွဲကာ အိမ်ထောင်ပြုသွားခဲ့သည့်အတွက် အသဲကွဲဝေဒနာခံစားနေရသူဖြစ်ပြီး ယခုဖြစ်စဉ်မတိုင်မီက ဒုတ္ထဝတီမြစ်ကမ်းနဖူးဘက်သို့ တစ်ဦးတည်း ထွက်သွားခဲ့ရာ မသင်္ကာသဖြင့် ဦးလေးဖြစ်သူက နောက်ကလိုက်ထိန်းနေခဲ့ကြောင်း ပြောဆိုခဲ့သည်။
 
Source:TunTunWin
 


Follow us on