1. Home
  2. Myanmar News

အလောင်းမင်းတရားကြီး၏ ရွှေပေလွှာကို ယူနက်စကို၏ Memory of the World Register တွင် အပြီးသတ်ထည့်သွင်း

Myanmar News เม.ย. 05, 2560 view 1,923

အလောင်းမင်းတရားကြီး၏ ရွှေပေလွှာအား ယူနက်စကိုUNESCO ၏ Memory of the World Register တွင် အပြီးသတ်ထည့်သွင်းနိုင်ခဲ့ကြောင်း ဧပြီ ၃ ရက်က နိုင်ငံခြားရေးဝန်ကြီးဌာန ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြ ထားချက်အရ သိရသည်။ ပထမကုန်းဘောင်မင်းဆက် အ လောင်းမင်းတရားကြီး ဦးအောင်ဇေယျက ဗြိတိသျှဘုရင် ဒုတိယမြောက် ဂျော့ဘုရင် နှင့် ဟန်နိုဗာမြို့စားသို့ ၁၇၇၆ ခုနှစ်က ပေးပို့ခဲ့ သည့် ရွှေပေလွှာကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့အစည်း (UNESCO) ၏ Memory of the World Register တွင် အပြီးသတ်ထည့်သွင်းနိုင်ခဲ့ခြင်းဖြစ်ပြီး ယင်း အခမ်းအနားကို ၂၉-၃-၂၀၁၇ ရက်တွင် ဂျာမနီနိုင်ငံ၊ ဟန်နိဗာ မြို့ Gottfried Wilhlem Leibniz စာ ကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေပေလွှာအား ယူနက်စကို၏ မှတ် တမ်းလွှာတွင် ကမ္ဘာ့ယဉ်ကျေးမှုအမွေအ နှစ်အဖြစ်သတ်မှတ်ပေးရန် အဆိုပြုခဲ့သည့် ဗြိတိသျှစာကြည့်တိုက်၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာ န နှင့် ဟန်နိုဗာမြို့Gottfried Wilhlem Leibniz စာကြည့်တိုက်တို့၏ ကိုယ်စား လှယ်များက လက်ခံရယူခဲ့ပြီး အဆိုပါရွှေ ပေလွှာကို အလောင်းမင်းတရားကြီးက King George the Second of Great Britain သို့ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။ ရွှေပေလွှာပေါ်တွင် အလောင်းမင်း တရားကြီး ဦးအောင်ဇေယျက ၎င်း၏ မင်းနေပြည်တော်အတွင်း ကုန်သွယ်မှုစ ခန်းတစ်ခု ဖွင့်လှစ်ရန်နှင့် နှစ်နိုင်ငံအကြား ချစ်ကြည်မှုအဓွန့်ရှည်ရေး ရှေးရှုဆောင် ရွက်ရန် ဖော်ပြထားသည်ဟုသိရပြီး ဒုတိ ယမြောက်ဂျော့ဘုရင်သည် ရွှေပေလွှာကို ၎င်း၏မွေးရပ်မြေဖြစ်သည့် ဟန်နိုဗာမြို့ပြ တိုက်တွင် သိမ်းဆည်းရန် ပေးပို့ခဲ့ကြောင်း လည်း သိရသည်။

ယင်းရွှေပေလွှာသည် နှစ်ပေါင်း ၂၅၀ အကြာတွင်မှ မြန်မာ-ဂျာမနီ နှစ်နိုင် ငံဆက်ဆံရေးနှင့် ကမ္ဘာ့နိုင်ငံရေးကို မီး မောင်းထိုးပြသနိုင်သည့် ယဉ်ကျေးမှုအ မွေအနှစ်ပစ္စည်းဖြစ်ကြောင်း သိရှိခဲ့ပြီး ၂၀၁၄ ခုနှစ် မြန်မာ-ဂျာမနီနိုင်ငံ သံတမန် ဆက်ဆံရေး နှစ် ၆၀ ပြည့် အခမ်းအနား တွင် ဂျာမနီနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ၌ ပြသခဲ့ကာ ရွှေပေလွှာ၏ 3D ပုံရိပ်ဖြင့် Digital Version ကို မြန်မာနိုင်ငံသို့ ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။

Credit : pyimyanmarnews



Follow us on