1. Home
  2. Movie Stars - Celebrity

သီချင်းတွေ ဆက်တိုက်လုပ်လာတော့ မယ့် Lဆိုင်းဇီ

Movie Stars - Celebrity เม.ย. 05, 2560 view 1,698

အနုပညာလှုပ်ရှားမှုတွေ ကြဲနေတဲ့ အဆိုတော် L ဆိုင်းဇီ က သူမရဲ့ ဒုတိယစီးရီးအစွဲလမ်းကြီးသူ MTV ထွက်ရှိပြီးနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေခပ် စိပ်စိပ်ပြန်လည်လုပ်ကိုင်နေပြီးသူမရဲ့ တတိယစီးရီးအတွက် MTV ရိုက်ကူးမှုတွေလည်း ထပ်မံပြုလုပ်နေပြီလို့ သိရပါတယ်။ အနုပညာလောကနဲ့ အဆက်ပြတ်နေသလို ဖြစ်ရတာကလဲ  စာနယ်ဇင်းစာမျက်နှာတွေမှာ သိပ်မတွေ့ရတဲ့အခါ အဆက်ပြတ် သလိုဖြစ်သွားတာပါ။ ပုံမှန်ကတော့ ပွဲတွေလည်း ဆိုဖြစ်တယ်။ ပြီးတော့ ဒီအစွဲအလမ်းကြီးသူ MTV ကို အချိန်ပေးရိုက်ဖြစ်နေ ပါတယ်။ ဒီအခွေကိုလည်း သေချာအချိန်ယူ ရိုက်ကူးခဲ့တယ်။ ဒီအခွေရိုက်ကူးနေကတည်းက နောက်စီး ရီးခွေတွေအတွက် သီချင်းတွေ ရွေးပြီးနေပြီ။အခုဆိုလည်း တတိယစီးရီးအတွက် စရိုက်ဖို့လုပ်နေပြီ။

ဆိုင်းဇီက ကိုယ်တိုင်လုပ်တာများတယ်။ လက်ခွဲခိုင်းရမယ့် လူမရှိဘူး။ ကိုယ်တိုင်လုပ်မှပဲကိစ္စတွေကို သိရတာရှိတာပေါ့။ ဒီလိုလုပ်တဲ့အတွက်လည်း အတွေ့အကြုံတွေအများကြီးရ ပါတယ် ဆိုင်းဇီက ပြောပါတယ်။ L ဆိုင်းဇီက သူမရဲ့ တတိယစီးရီးကိုတော့ ဒီတစ်ခေါက်မှာ CD/ DVD တစ်ပြိုင်တည်းထုတ်ဝေဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

L ဆိုင်းဇီက လက်ရှိထုတ်လွှင့်နေတဲ့ အိမ်မက်ဆုံရာ ရာသက်ပန် Season 5 မှာလည်း အကဲဖြတ်ဒိုင်တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်နေပါတယ်။ ဒီအစီအစဉ်ပါဝင်ဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံကိုလည်း L ဆိုင်းဇီက အရှေ့မှာလည်း အကဲဖြတ်ဒိုင်အဖြစ်လုပ်ခဲ့တာတွေရှိပါတယ်။အခု ဒီအိမ်မက်ဆုံရာမှာ ပါဝင်တဲ့အခါမှာ ကလေးတွေရဲ့စည်းလုံးညီညွတ်ခြင်းကိုတွေ့ရပါတယ်။ ဒီလို မြင်ရတဲ့အတွက်လည်း ဝမ်းသာတယ်။ တချို့အရာလေးတွေလည်း သူတို့ကို ကြည့်ပြီး သူတို့ဆီက အတုပြန်ယူရတာလေးတွေလည်း ရှိပါတယ် လို့ ပြောထားပါတယ်။



Follow us on