1. Home
  2. Special or Others

အလန်းစားမော်ဒယ်ဖိုးဖိုး Reebok ကုမ္ပဏီနဲ့ လက်တွဲ ရုပ်/သံ

Special or Others เม.ย. 05, 2560 view 1,651
ကမ္ဘာပေါ်မှာ အသက်အကြီးဆုံး မော်ဒယ်လ်လို့ ပြောရမယ့် တရုပ်အမျိုးသား “ဝမ်ဒီရွှန်း” ဟာ အသက် ၈၁ နှစ်အရွယ် ရှိနေပါပြီ။ ဒါပေမယ့် သူ့ရဲ့ အမိုက်စားဒီဇိုင်းနဲ့ ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်အချိုးအစားကြောင့် မော်ဒယ်ဖိုးဖိုးအဖြစ် ရပ်တည်နေနိုင်ပါတယ်။
 
 
၂၀၁၅ ခုနှစ် ပေကျင်း ဖက်ရှင်ဝိခ်မှာ မော်ဒယ်အဖြစ် ပထမဆုံး လျှောက်လမ်းပေါ် ရောက်ခဲ့တာဖြစ်ပါတယ်။ အပေါ်ပိုင်းအင်္ကျီဗလာနဲ့ ရှိုးလျှောက်လာတဲ့ “ဝမ်” ကို တစ်ကမ္ဘာလုံးက သတိထားမိသွားပါတယ်။ သူရဲ့ အသက်အရွယ်၊ သူ့ရဲ့ဒီဇိုင်းနဲ့ စတိုင်တွေကြောင့် ချက်ခြင်းကို လူသိများခဲ့ပြီး ကမ္ဘာပေါ်မှာ အလန်းဆုံးဖိုးဖိုးအဖြစ် အသိမှတ်ပြုခံခဲ့ရပါတယ်။
 
 
အခုဆိုရင် ကမ္ဘာကျော်အားကစားပစ္စည်း အမှတ်တံဆိပ်ဖြစ်တဲ့ Reebok က “ဝမ်”နဲ့ လက်တွဲပြီး ကြေငြာတွေကို ရိုက်ကူးခဲ့ပါတယ်။ ဒီဗီဒီယိုမှာတော့ နာမည်ကျော် သရုပ်ဆောင်တွေဖြစ်တဲ့ “ယွမ်ရှမ်းရှမ်” နဲ့ “ဝူလီ” တို့နဲ့အတူ ပါဝသ်ထားပါတယ်။
 
အသက် ၇၀ အရွယ်မှာ ကိုယ်ကာယလေ့ကျင့်ခန်းတွေကို စောက်ချပြီးလုပ်လာတဲ့ “ဝမ်”က အားကစားကို လေ့လာလိုက်စားမယ်ဆိုရင် ဘယ်တော့မှ အရမ်းကြီးအိုမသွားဖူး ဆိုတဲ့ အသိမျိုး၊ တရုပ်လူမျိုးတွေရဲ့ အမြင်ကို ပြောင်းလဲအောင် ကူညီနိုင်ခဲ့ပါတယ်
ဟု “ဝမ်” ကို ငှားရမ်းခဲ့တာနဲ့ ပက်သက်ပြီး Reebok က ပြောကြားခဲ့ပါတယ်။ 
 


Follow us on