1. Home
  2. Myanmar News

သင်္ကြန်ခွင့်ရက် ပထမဆုံးနေ့ ထိုင်းရောက် မြန်မာလုပ်သား ၂,၀၀၀ ခန့် ပြန်လာ

Myanmar News เม.ย. 06, 2560 view 1,430

‘‘မဲဆောက်တံတားပေါ်ဖြတ် တာ ၁,၀၀၀ ကျော်တယ်လို့သိရ တယ်။ နောက်ပြီး လှေနဲ့ ပြန်ကြတာတွေရှိသေးတယ်။ ၁,၅၀၀ ကျော်တယ်။ ၂,၀၀၀ နီးပါးလောက်ရှိမှာပေါ့။ ဧပြီ ၅ ရက်က နေစပြီး ပိတ်ရက်ခွင့် ပေးလိုက်ပြီလေ။ ပြန်လို့ရနေပြီ။ ဒါပေမဲ့ ပြန်ရင် တံတားကဖြတ်ရင် အ၀င်လည်း အဲဒီတံတားကနေ ပြန်ဝင် ရမယ်။ အထွက်တုံး၊ အ၀င်တုံး ထုရမယ်’’ ဟု ဦးမိုးအောင်ခိုင်က 7Day Daily သတင်းစာအားပြော သည်။ နေရပ်ပြန်မည့် မြန်မာလုပ် သားများသည် ပန်းရောင်ကတ် ကိုင်ဆောင်ထားသူ ဖြစ်ပါကထိုင်း နိုင်ငံရှိ သက်ဆိုင်ရာ အလုပ်သ မာရုံး အထောက်အထားစာရွက် ယူ ဆောင်ရမည် ဖြစ်ပြီး ပတ်စ်ပို့ ကိုင်ဆောင်ထားသူ ဖြစ်ပါက ဗီဇာ၊ အလုပ်ပါမစ်များပါရှိရမည် ဖြစ်ကြောင်း ဦးမိုးအောင်ခိုင်က ဆက်လက် ပြောကြားသည်။ ‘‘ဒီရက်အတွင်းပြန်ရင် ဖမ်း ဆီးမှုတွေမလုပ်ဖို့ ထိုင်းရဲတပ်ဖွဲ့နဲ့ ပြောဆိုထားပါတယ်။

ဒါပေမဲ့ အ၀င်အထွက်တွေ ရှိရမှာဆို တော့ အထောက်အထား စာရွက် တွေတော့ လိုတာပေါ့။ သတ်မှတ် ထားတဲ့ ရက်ထက်ကျော်ရင်တော့ ဒဏ်ကြေးတွေ ပေးရမှာတွေရှိ မယ်’’ ဟု ၎င်းက ပြောကြားသည်။ ထိုင်းရောက် မြန်မာလုပ်သားများကို ယခုနှစ် သင်္ကြန်ပွဲတော်ကာလတွင် ထိုင်းအစိုးရက ဧပြီ ၅ ရက်မှ ၃၁ ရက် အထိ ၂၅ ရက်ခွင့်ပေးထားသည်။ သို့သော် နားရက်တွင် လစာပေး မည်မဟုတ်ပေ။ ဧပြီ ၁ ရက်တွင် နေရပ်ပြန် သော မြန်မာလုပ်သား ၁၈ ဦး နှင့် ဧပြီ ၂ ရက်တွင် နေရပ်ပြန် သော မြန်မာလုပ်သား ၃၆ ဦး စုစုပေါင်း ၅၄ ဦးကို ထိုင်းရဲတပ်ဖွဲ့ က မဲဆောက်မြို့တွင် ဖမ်းဆီးခဲ့ သည်။

‘‘အဓိကကတော့ ထိုင်းအစိုး ရရဲ့ ထုတ်ပြန်ချက်ကို ရှင်းရှင်း လင်းလင်း သိထားအောင် ကိုယ် တိုင်မလေ့လာဘဲ ပွဲစားပြောတာ တွေကို အယုံအကြည်လွယ်ပြီး အာဏာပိုင်က စစ်ဆေးတဲ့အခါ စာရွက်စာတမ်း မပြည့်စုံတာတို့၊ စာရွက်စာတမ်းပါ အချက်အ လက်လည်း မှားတာတို့ ထိုင်းအာ ဏာပိုင်ဘက်က ပြောတယ်ဗျ’’ ဟု မက်(ပ်) ရေဒီယို ပရောဂျက် မန် နေဂျာ (မဲဆောက်) ခွန်းရော်ဘင် ဆန်က ပြောသည်။

Credit : 7daydaily

photo….7daydaily



Follow us on