1. Home
  2. Myanmar News

YBS ဘတ်စ်ကားပြေးဆွဲမှု မထသစနစ်အတိုင်းသာရှိနေဆဲဖြစ်ကြောင်း

Myanmar News เม.ย. 06, 2560 view 1,540

ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သည် YBS စနစ် စတင်ပြောင်းလဲစဉ်ကတည်းက ကြိုတင်စီမံဆောင်ရွက်မှုအား နည်းခြင်း၊ အများပြည်သူသို့ အ သိပေးမှု နောက်ကျခြင်း၊ ဘတ်စ်ကားများ၏စည်းကမ်းနှင့် စည်း ကမ်းပိုင်းကိုထိန်းချုပ်အရေး ယူမှု အားနည်းခြင်းများရှိကြောင်း ၎င်း က ဆိုသည်။

‘‘အခုအချိန်မှာ YBS ကား တွေက အရင်တုန်းက ယာဉ်လိုင်း များနည်းတူ လုပ်ချင်တာလုပ်နေ ကြတာ တွေ့ရမှာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ သယ်ယူပို့ဆောင်ရေးစနစ်ကို ဒီ ထက်အောင်မြင်ဖို့ဆိုတာ စည်း ကမ်းထိန်းသိမ်းရေးအပိုင်းက အရေးကြီးပါတယ်’’ဟု ၎င်းက ပြောသည်။

YBS စနစ်စတင်စဉ်က အခက်အခဲများကို ပြည်သူလူထု က ပူးပေါင်းပါဝင်ဖြေရှင်းခဲ့ခြင်း ကြောင့် အခက်အခဲများအခိုက် အတန့် ပြေလည်ခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ အဆင်ပြေမှုများရှိလာခဲ့ကြောင်း ၎င်းက ပြောသည်။ စနစ်စတင်ခဲ့စဉ်က ဖြန့်ဝေခဲ့ သည့် လမ်းညွှန်လက်ကမ်းစာ ရွက်များ၊ အင်တာနက်အက်ပလီ ကေးရှင်းများမှာ ယခုအခြေအနေ နှင့် ကိုယ်ညီမှုမရှိတော့ခြင်း၊ နောက်ဆုံးအခြေ အနေတင်ပြ ချက်များ မရှိတော့ခြင်း စသည် တို့ဖြစ်ပေါ်နေကြောင်း ဦးဝေဖြိုး ဟန်က ထည့်သွင်းပြောကြား သည်။ ထို့အပြင် အများပိုင်ကုမ္ပဏီ ရှစ်ခု ဖွဲ့စည်းလုပ်ကိုင်စေခဲ့သည် ဟုသာ သတင်းများထုတ်ပြန်ခဲ့ပြီး မည်သည့်ကုမ္ပဏီများဖြစ်သည် ကို ပွင့်လင်းမြင်သာစွာချပြမှု မရှိခဲ့ခြင်းအပေါ်လည်း ၎င်းက မေးခွန်းထုတ်ခဲ့သည်။ အစိုးရအဖွဲ့အနေဖြင့် YBS စနစ်နှင့်ပတ်သက်၍ လက်ရှိ လုပ် ဆောင်ထားရှိမှုအခြေအနေများ ကို ရောင့်ရဲနေ၍ မရဘဲ ပြည်သူ လူထုအားကိုး ယုံကြည်မှုရရှိ အောင် ပိုမိုတိုးမြှင့်ဆောင်ရွက် သင့်ကြောင်း ပြောသည်။

‘‘ပြည်သူလူထုက အစိုးရပြု သမျှ နုနေကြရသလို ကိုယ်မဲပေး ရွေးချယ်လိုက်တဲ့ အစိုးရမို့လို့ အားမလိုအားမရ ဖြစ်နေကြရုံမှ အပ အပြစ်ကြီးကြီးမားမား မမြင် ကြသေးပါဘူး။ ကြိုးစားနေကြ တာပဲ၊ လုပ်နေကြတာပဲ၊ လက် ဖက်ကောင်းစားရဖို့ ပလောင် တောင်တက်နှေးမှာပေါ့ဆိုတဲ့ စကားတွေနဲ့ ကိုယ့်အချင်းချင်း နှစ်သိမ့်နေကြတာဟာ အတိုင်း အတာတစ်ခုအထိပဲ ကောင်းပါ တယ်။ ပြည်သူကို ဗဟိုပြုတဲ့စနစ် မှာ ပြည်သူ့အစိုးရဟာ ပြည်သူ တွေလိုလားတောင့်တချက်၊ မျှော် လင့်ချက်ကို အမှန်တကယ် ဖြည့် ဆည်းပေးနိုင်ဖို့ဆိုရင် ယနေ့ လုပ် ဆောင်နေကြတာထက် ပိုပြီးလုပ် ဖို့ တိုက်တွန်းချင်ပါတယ်’’ဟု ၎င်း က ပြောသည်။

ဦးဝေဖြိုးဟန် တင်သွင်းခဲ့ သော အဆိုကို ရန်ကင်းမြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စား လှယ် ဒေါ်သီတာမောင်က ထောက်ခံ ဆွေးနွေးခဲ့သည်။ ထို့နောက် လွှတ်တော် ဥက္ကဋ္ဌ အဆိုနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်၏ သဘောထားကို မေးမြန်းခဲ့ရာ အဆိုကိုဆွေးနွေးရန် သဘောတူလက်ခံကြောင်း ပြောသည်။ ထို့နောက် ယင်းအဆိုကို ဆွေးနွေးရန် လွှတ်တော်၏ အတည်ပြုချက်ရယူရာ ကန့်ကွက် သူမရှိခဲ့ပေ။

Credit : 7daydaily



Follow us on