1. Home
  2. Myanmar News

ကားဟောင်းများ ရှားပါး၍ သင်္ကြန်ရေပက်ခံ ကားငှားရမ်းခများ မြင့်တက်

Myanmar News เม.ย. 06, 2560 view 1,502

ယမန်နှစ်နှင့် နှိုင်းယှဉ်လျှင် ယခုနှစ်တွင် လာရောက်ငှားရမ်း သူ အရေအတွက်သည် ဧပြီ ၅ ရက် အထိ နည်းပါးနေသေးကြောင်း ကားအငှားလုပ်ငန်း လုပ်ကိုင်သူ များက ပြောသည်။ ယခုနှစ်တွင် အရည်ကျိုအပ် နှံသည့် ကားအရေအတွက်များ ပြားလာပြီး ကားဟောင်းရှားပါး သွားပြီဖြစ်၍ လိုက်ထရပ်၊ ဟိုက် ဂျက်ကဲ့သို့သော ကားများကိုသာ အဓိက ငှားရမ်းရန် စီစဉ်ထား ကြောင်း Royal ကားအငှားလုပ် ငန်း မန်နေဂျာ မဝင်းမြတ်က ရှင်းပြသည်။ပြီးခဲ့သည့်နှစ်က လိုက်ထ ရပ်တစ်စီးလျှင် တစ်ရက် ငှားရမ်း ခနှုန်းထားအဖြစ် ကျပ် ၁၆၀,၀၀၀ အထိ ရရှိသော်လည်း ယခုနှစ် တွင် ၁၈၀,၀၀၀ အထိ ဈေးတင် ငှားရမ်းရမည့် အခြေအနေရှိ ကြောင်း ၎င်းကပြောသည်။

သင်္ကြန်ကားငှားရမ်းသူများ သည် သင်္ကြန်ကာလနီးကပ်မှသာ လာရောက်ငှားရမ်းမည့် အခြေအ နေရှိကြောင်း မြတ်သဒ္ဒါ ကားအ ငှားလုပ်ငန်းပိုင်ရှင်ဦးအောင်ဝင်း ကရှင်းပြသည်။ ယခုနှစ်တွင် သင်္ကြန်တွင်း အကြမ်းခံနိုင်ပြီး လူအမြောက်အ မြားတင်နိုင်သည့် ဒိုင်နာကဲ့သို့ ကားများသည် အရည်ကျိုအပ်နှံ သည့်အထဲ ပါဝင်မှုများပြားနေ သောကြောင့်ကားအငှားလုပ်ငန်း များတွင် ကားရှားပါးမှုများ ကြုံတွေ့နေရသည်။

‘‘ကားတွေက အခုသွင်းလာ တဲ့ ဂျပန်ကားအသစ်တွေများ တယ်’’ ဂီယာဘောက်စ်ထဲရေတွေ ဘာတွေဝင်သွားရင် ပြင်ရတာအ ရမ်းခက်တယ်၊ ဒါ့ကြောင့် တချို့ ကလည်း သင်္ကြန်တွင်း အငှားမ လိုက်ကြဘူး’’

ဟု ဦးအောင်ဝင်းက ဆိုသည်။ အချို့ကား အငှားလုပ်ငန်း များက လက်ရှိတွင် သုံးခွ၊ ခရမ်း အစရှိသော မြို့နယ်များ၌ ယ နေ့အထိ အသုံးပြုနေသော ဂျစ် ကားများကို သွားရောက်ချိတ် ဆက်ငှားရမ်းနေကြပြီး သင်္ကြန် ရေပက်ခံလည်ပတ်မည့် သူများအား တစ်ဆင့်ပြန်လည်ငှားရမ်းရန် စီစဉ်ထားကြောင်း သိရသည်။ ထို့ပြင် စက်မှုဇုန်ထုတ်လိုက် ထရပ်ယာဉ်များတွင် စက်သုံးဆီ ဖြင့် ငှားရမ်းမည့်ကားများသည် တွက်ခြေ မကိုက်သောကြောင့် ကားအငှား လုပ်ငန်းအများစု CNGသဘာဝဓာတ်ငွေ့ ကားများကိုသာ ငှားရမ်းပေးမည် ဖြစ်ကြောင်း သိရသည်။ ယခုနှစ် ရန်ကုန်သင်္ကြန် သည် မဏ္ဍပ်အရေအတွက်လျော့ နည်းသောကြောင့် သင်္ကြန်ရေ ပက်ခံထွက်ရန် စိတ်ဝင်စားသူ အရေအတွက် လျော့နည်းလာကြောင်း ကားအငှားလုပ်ငန်းရှင်များက ပြောသည်။

Credit : 7daydaily



Follow us on