
ရုရှားတွေဟာ ကမ္ဘာမှာ အရက်သောက်သုံးမှု အများဆုံးထဲ ပါဝင်ပါတယ်။ ဒါပေမဲ့ အခုတော့ အယ်လ်ကိုဟောဓာတ် မပါဝင်တဲ့ ဘီယာအရသာသစ်ကို ထုတ်လုပ် နေပြီ ဖြစ်ပါတယ်။ ဒါဟာ အရက် သောက်သုံးမှု လျှော့ချရေးအား ပေးဖို့ အစိုးရရဲ့ ကြိုးပမ်းမှုတွေကြောင့် လုပ်ငန်းတန့်နေတဲ့ ဘီယာချက်လုပ်ငန်းကို ကယ်တင်နိုင်မယ့် တီထွင်မှု ဖြစ်နိုင်ပါတယ်။ Zero-alcohol ဘီယာရောင်း ချမှုဟာ ပြီးခဲ့တဲ့နှစ်မှာ ၁၂ ရာခိုင်နှုန်း ရောင်းအားတက်ခဲ့တယ်လို့ Nielsen သုတေသန ကုမဏီအရ သိရပါတယ်။
ရုရှား စားသုံးသူတွေအတွက် ကျန်းမာရေးအတွက် ပိုကောင်းတဲ့ နေထိုင်မှုပုံစံအဖြစ် လှုပ်ရှားမှုတွန်းအား၊ အရက်ရောင်းချမှုအပေါ် ကန့်သတ်ချက်တွေ ပါဝင်အစိုးရရဲ့ နည်းလမ်းစဉ်တွေနဲ့ အရက်မူး နေစဉ် ကားမောင်းခြင်းအတွက် ပြစ်ဒဏ် ပိုပြင်းထန်လာတာတွေ ကြောင့် သည်ထုတ်လုပ်မှု ဖြစ်လာစေခဲ့တာပါ။ ဘီယာချက်လုပ်ငန်းတွေက ၁၉၈၀ နဲ့ ၁၉၉၀ အလွန်နှစ်ပိုင်းတွေမှာ အယ်လ်ကိုဟောမပါတဲ့ ဘီယာကို ကနဦး ထုတ်လုပ်ခဲ့ပေမဲ့ စားသုံးသူတွေက အရသာမကြိုက်တာကြောင့် အကန့်အသတ်နဲ့သာ ထုတ်ခဲ့ပါတယ်။
Credit : kumudranews
comment