1. Home
  2. Special or Others

ကွန်ဖူးလင်မယားနဲ့ တွေ့သွားတဲ့ ဓါးပြတွေ ရုပ်/သံ

Special or Others เม.ย. 06, 2560 view 1,556
စတိုးဆိုင်အတွင်းသို့ ဝင်ရောက် ဓါးပြတိုက်ခဲ့သူ နှစ်ဦးကို ဆိုင်ရှင်လင်မယားနှစ်ယောက်က ပြန်လည်ခုခံတိုက်ခိုက်ခဲ့သည့် ဗီဒီယို အွန်လိုင်းတွင် ပျံ့နှံ့နေခဲ့သည်။
 
အီတလီနိုင်ငံ မီလန်မြို့ရှိ မိသားစု စတိုးဆိုင်တစ်ဆိုင်ကို လူနှစ်ဦးက ဓါးပြဝင်တိုက်ခဲ့သည်။ ငွေသိမ်းကောင်တာမှ အမျိုးသားကို ငွေသိမ်းအံဆွဲကို ဖွင့်ခိုင်းပြီး ငွေသိမ်းကောင်တာထဲသို့ ကျော်ဝင်လာစဉ် အမျိုးသားမှ ရုတ်တရက် ငရုတ်ကောင်းဖြူးစက်ဟု ထင်ရသည့် အရာနှင့် ဓါးပြများ၏ မျက်နှာကို ပက်ဖျန်းခဲ့သည်။ 
 
 
တစ်ဦးမှာ လွတ်ထွက်သွားပြီး ကျန်တစ်ဦးကို ဖမ်းထားစဉ် ဆိုင်ရှင်၏ ဇနီးသည်ဖြစ်သူထပ်ရောက်လာကာ ဝိုင်းဝန်းကန်ကျောက်ခဲ့သည်။ ဓါးပြက ရုန်းပြီးထွက်ပေးရာ အခြားသူတစ်ဦး၏ အကူအညီနှင့် ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့တာကို တွေ့ရှိရသည်။ 
 


Follow us on