1. Home
  2. Myanmar News

ပထမဆုံး ရန်ကုန် အမှိုက်မှ စွမ်းအင်ထုတ်လုပ်မည့် စက်ရုံ ဖွင့်လှစ်

Myanmar News เม.ย. 07, 2560 view 1,550

မြန်မာနိုင်ငံမှာ ပထမဆုံးအနေနဲ့ ရန်ကုန်အမှိုက်မှ စွမ်းအင်ထုတ်လုပ်မယ့် Yangon Waste To Energy Plant စက်ရုံကို ဧပြီ ၇ ရက်နေ့က ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီစက်ရုံကိုတော့ ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် လှော်ကားလမ်းမပေါ်မှာ တည်ဆောက်ထားတာဖြစ်ပြီး ဖွင့်ပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး၊ လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူတွေနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ JFE Engineering Corporation အဖွဲ့တို့ ပူးပေါင်းကာ အမေရိကန်ဒေါ်လာ ၁၆ သန်း အကုန်အကျခံဆောက်လုပ်တာဖြစ်ပြီး အဓိက ကာဗွန်ဒိုင်အောက်ဆိုဒ် လျှေ့ချရေး အစီအမံအနေနဲ့ စက်ရုံကို ဆောက်လုပ်တာပါ။ ရန်ကုန်မြို့မှာ နေ့စဉ် အမှိုက်တန်ချိန် ၂၃၀၀ ကျော် ထွက်ရှိပြီး အဲဒီအမှိုက်တွေထဲက မင်္ဂလာဒုံမြို့နယ်မှ တနေ့ ထွက်ရှိတဲ့ အမှိုက်တန်ချိန် ၆၀ ကျော်ကို မီးရှို့ ဖျက်ဆီးပြီး လျှပ်စစ်ထုတ်လုပ်မှာ ဖြစ်တာကြောင့် ရန်ကုန်မြို့တော်အတွက် လိုအပ်နေတဲ့ လျှပ်စစ်ဓာတ်အားကို ထုတ်ပေးနိုင်သလို ပတ်ဝန်းကျင် လေထု မြေထု ရေထု ညစ်ညမ်းမှုကိုပါ လျှေ့ချနိုင်မှာ ဖြစ်ပါတယ်။ အမှိုက်မှ စွမ်းအင်ထုတ်လုပ်တဲ့ စက်ရုံမှ လျှပ်စ်ဓာတ်အား ၇၀၀ ကီလိုဝပ် ထွက်ရှိမှာဖြစ်ပြီး ၃၀၀ ကီလိုဝပ်ကို စက်လည်ပတ်နိုင်ရေးအတွက် ပြန်လည်အသုံးပြုသွားမှာ ဖြစ်သလို ၄၀၀ ကီလိုဝပ်ကို National Grid Line မှာ ထည့်သွင်း ဖြန့်ဖြူးပေးသွားမှာ ဖြစ်ပါတယ်။

Credit : burmese.dvb.no



Follow us on