1. Home
  2. Myanmar News

ရန်ကုန်-မန္တလေး သင်္ကြန်အထူးရထားလက်မှတ် သုံးရက်ကြိုတင်ဝယ်ယူနိုင်

Myanmar News เม.ย. 08, 2560 view 1,521
ရန်ကုန်-မန္တလေး(အစုန်/အဆန်) ခရီးစဉ်အဖြစ် အထူးရထားများကို သင်္ကြန်ကာလာမတိုင်မီနှင့် သင်္ကြန်ပြီးကာလများတွင် မြန်မာ့မီးရထားမှ ပြေးဆွဲသွားမည်ဖြစ်ပြီး ရထားလက်မှတ်များကို ဧပြီ(၈)ရက် ယနေ့မှစတင်ကာ သုံးရက်ကြိုတင်ရောင်းချနေပြီဖြစ်ကြောင်း သိရှိရသည်။
 
ရိုးရိုးတန်းနှင့် အထူးတန်း လက်မှတ်နှစ်မျိုးလုံးကို သုံးရက်ကြိုတင်စနစ်ဖြင့် စတင်ရောင်းချနေပြီး သင်္ကြန်အထူးရထားကိုလည်း ဧပြီ(၈)ရက်နေ့မှ စတင်ကာ ပြေးဆွဲနေပြီဖြစ်သည်။ မန္တလေး- ရန်ကုန် သင်္ကြန်အထူးရထားများကို ဧပြီလ (၁၃)ရက်နေ့ထိပြေးဆွဲသွားမည်ဖြစ်သည်။  
 
ရန်ကုန်မှ မန္တလေးသို့ ထွက်ခွာမည့် အထူးရထားသည် ရန်ကုန်ဘူတာကြီးမှ ညနေ ၄ နာရီ ၁၅ မိနစ်တွင် ထွက်ခွာမည်ဖြစ်ပြီး မန္တလေးသို့ နောက်တစ်နေ့နံနက် ၆ နာရီတွင် ဆိုက်ရောက်မည်ဖြစ်သည်။
မန္တလေးမှ ရန်ကုန်သို့ ထွက်ခွာမည့် အထူးရထားသည်လည်း မန္တလေးဘူတာကြီးမှ ညနေ ၄ နာရီ ၁၅ မိနစ်တွင် ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်သို့ နောက်တစ်နေ့နံနက် ၆ နာရီတွင် ဆိုက်ရောက်မည်ဖြစ်သည်။ 
သင်္ကြန်ကာလ ဧပြီ ၁၄ ရက်၊ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် အထူးရထားပြေးဆွဲမှုကို ခတ္တရပ်နားထားမည်ဖြစ်ပြီး မူလပြေးဆွဲလျှက်ရှိသော ခရီးစဉ်များ ပုံမှန်အတိုင်း ပြေးဆွဲပေးနေမည်ဖြစ်သည်။
 
ဧပြီလ ၁၇ ရက်နေ့မှ စတင်ကာ ဧပြီလ ၂၃ ရက်နေ့ထိ သင်္ကြန်အထူးရထားများကို ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ပြီး လက်မှတ်များကိုလည်း သုံးရက်ကြိုတင်ရောင်းချပေးသွားမည်ဖြစ်သည်။ ရထားလက်မှတ်ခများမှာ ရိုးရိုးတန်း ကျပ် ၄၆၅၀ နှင့် အထူးတန်း ကျပ် ၉၃၀၀ သတ်မှတ်ထားကြောင်း သိရှိရသည်။
သင်္ကြန်အထူးရထားသည် ကြားဘူတာများဖြစ်သည့် တိုးကြောင်းကလေး၊ ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်နှင့် သာစည်ဘူများများတွင်သာ ရပ်နားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရှိရသည်။
 


Follow us on