1. Home
  2. Myanmar News

သင်္ကြန်တွင်းကာလ ရန်ကုန်တွင် (၉)ရက် မီးအလှည့်ကျ ပျက်မည်

Myanmar News เม.ย. 08, 2560 view 1,447
ဧပြီလ ၁၂ ရက်မှ ၁၆ ရက်အထိ၊ ဧပြီ ၂၉ မှ ၃၀ ရက်အထိနှင့် မေ ၂၀ မှ ၂၁ ရက်အထိ စုစုပေါင်း ၉ ရက်၊ ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား အလှည့်ကျ ဖြတ်တောက် မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးဌေးအောင်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
 
သဘာဝဓါတ်ငွေ့သိုက် ရတနာစီမံကိန်း၏ ဖွံ့ဖြိုးရေးလုပ်ငန်းတစ်ခုဖြစ်သည့် ပတ္တမြား စီမံကိန်း၏ low Compression Platform လုပ်ငန်းများထဲမှ Train လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် အတွက် အလှည့်ကျ မီးဖြတ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ 
ပတ္တမြား စီမံကိန်းတည်ဆောက်ရေး ပြီးစီးပါက ရတနာ သဘာဝ ဓာတ်ငွေ့ စီမံကိန်း၏ သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်မှု ကျဆင်းနေမှု အပေါ် ပတ္တမြား စီမံကိန်းက ဖြည့်ဆည်းပေးသွား နိုင်မည်ဟုလည်း ဦးဌေးအောင် ကပြောကြားသည်။
 
တည်ဆောက်ရေးကာလ သုံးနှစ်ခန့်ကြာမြင့်ခဲ့သည့် ပတ္တမြား စီမံကိန်းသည် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် TOTAL E & P Myanmar Co., Ltd. တို့အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက် ရှိသော ရတနာ စီမံကိန်း၏ M-5, M-6 အတွင်းရှိ သီးခြား သဘာဝ ဓာတ်ငွေ့ သိုက်တစ်ခု ဖြစ်ပြီး ရတနာ စီမံကိန်း၏ ဖွံ့ဖြိုးရေး လုပ်ငန်း တစ်ခု ဖြစ်သည်။ တည်ဆောက်မှု လုပ်ငန်းများ ၉၅ ဒသမ ၇ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ရာ စီမံကိန်းပြီးဆုံး ပါက ရတနာစီမံကိန်း၏ ဓာတ်ငွေ့ထုတ်လုပ်မှု လျော့ကျလာခြင်းကို ပြည့်မီအောင် ၂၀၁၇ -၂၀၁၈ မှ ၂၀၂၁ - ၂၀၂၂ ခုနှစ်လောက်အထိ ဖြည့်ဆည်း ပေးနိုင် မည်ဖြစ်ကြောင်း သိရသည်။
 
Ref:TheLadiesNews


Follow us on