1. Home
  2. Myanmar News

ပင်စင်ယူပြီးသူနှင့် ယူခါနီးအစိုးရဝန်ထမ်းများ အိမ်ပိုင်ရေး အစိုးရမှ ဆောင်ရွက်ပေးမည်

Myanmar News เม.ย. 09, 2560 view 1,520
အစိုးရဌာနဆိုင်ရာများတွင် လုပ်ကိုင်နေကြသည့် သက်ပြည့် ပင်စင်ယူခါနီးဝန်ထမ်းများနှင့် ပင်စင်ယူပြီး ဝန်ထမ်းများ အိမ်ပိုင်ဆိုင်ခွင့်ရရှိစေရန် ကျပ်သိန်း ၁၀၀ အောက် အိမ်ရာများကို ဆောက်လုပ်ပေးမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ ဆောက်လုပ်ရေး (ယာယီ)၊ စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားဝန်ကြီး ဦးဝဏ္ဏကျော်က ပြောဆိုလိုက်ကြောင်း သတင်းရရှိသည်။
 
တိုင်းနှင့်ပြည်နယ်အသီးသီးရှိ အစိုးရစီမံပိုင်ခွင့်ရှိသည့်မြေများတွင် ဝန်ထမ်းအိမ်ရာများကို ပြည်ထောင်စုအစိုးရက တာဝန်ယူ ဆောက်လုပ်ပေးမည်ဖြစ်ကာ လက်ရှိတွင် မွန်ပြည်နယ်အစိုးရ စီမံပိုင်ခွင့်ရှိသည့် မြေနေရာများကို စတင် စိစစ်နေပြီဖြစ်သည်။
"ကျွန်တော်ကတော့ မွန်ပြည်နယ်ရဲ့ ၁၀ မြို့နယ်လုံးမှာ ဆောက်စေချင်ပါတယ်။ ကျိုက်ထို သမားက ကျိုက်ထိုအိမ်ကိုယူ၊ သထုံသမား ဆိုရင် သထုံအိမ်ကိုယူပေါ့" ဟု ဦးဝဏ္ဏကျော် က ပြောဆိုသည်။ ဝန်ထမ်းအိမ်ရာအရေအတွက်ကိုမူ ထုတ်ဖော်ပြောဆိုထားခြင်း မရှိသေးပေ။
 
"အိမ်တွေဆောက်ပေးရင်တော့ အတိုင်းမသိ ကျေးဇူးတင်ရမှာပေါ့။ ကျွန်တော်တို့က အစိုးရဆီမှာ တစ်သက်လုံးနီးပါး လုပ်ထားခဲ့ရတာ၊ ဒီအကျိုးကျေးဇူးလေးတော့ ခံစားခွင့် ရချင်တာပေါ့"ဟု ပင်စင်ယူထားသည့် အစိုးရ ဝန်ထမ်းတစ်ဦးဖြစ်သူ ဦးမျိုးကြည်က ပြောဆိုသည်။
 
အဆိုပါအိမ်ရာများ တည်ဆောက်ပြီးလျှင် ဝယ်သူများကို ဘဏ်များမှ ငွေထုတ်ချေးကာ အရစ်ကျ ဝယ်ယူသည့်နည်းလမ်းဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဦးဝဏ္ဏကျော်က ပြောဆိုခဲ့သည်။
 
Credit:mmtimes


Follow us on