လွန်ခဲ့သောရက်က အွန်လိုင်းသတင်းများတွင် ဖော်ပြခဲ့သည့် သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့တွင် လျှပ်စစ်မီး အလှည့်ကျပြတ်တောက်မည်ဆိုသည့် သတင်းမှာ မဟုတ်မှန်ကြောင်း ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေး ကော်ပိုရေးရှင်းက ဧပြီလ ၈ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌါနမှ ရတနာသဘာဝဓါတ်ငွေ့ပိုက်လိုင်း Partial Shut Down လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ရန်ကုန်မြို့တွင် လျှပ်စစ်ဓါတ်အား ပြတ်တောက်မည်မဟုတ်ပဲ ပုံမှန်အတိုင်း ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင်သင်္ကြန်တွင်းကာလအတွင်း စက်ရုံ၊ အလုပ်ရုံများ ပိတ်ထားမည်ဖြစ်သည့်အတွက် လျှပ်စစ်ဓါတ်အား သုံးစွဲမှုပမာဏ လျော့ကျမည့်အပြင် ကုန်းတွင်းသဘာဝဓါတ်ငွေ့နှင့် ဇောတိကသဘာဝဓါတ်ငွေများ ထပ်မံတိုးမြှင့် ဖြန့်ဖြူးပေးထားမည်ဖြစ်သည့်အတွက် ရန်ကုန်မြို့တွင် လျှပ်စစ်ဓါတ်အားလုံးဝပြတ်တောက်မည်မဟုတ်ပဲ ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေး ကော်ပိုရေးရှင်းက သတင်းထုတ်ပြန်ခဲ့သည်။
Ref:mmtimes